ရွှေဘိုမြို့ပေါ်မှာ ပျူစောထီး ၁ ဦးကိုရှင်းလင်းရာ ကျားအင်္ဂါ သေနတ်မှန်ပြီး ဆေးရုံရောက်

ရွှေဘိုမြို့ပေါ်မှာ ပျူစောထီး ၁ ဦးကိုရှင်းလင်းရာ ကျားအင်္ဂါ သေနတ်မှန်ပြီး ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘို - ရေဦးသွားကားလမ်းဘေးမှာ ပျူစောထီးဆိုသူ ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းရာ ယောက်ျားအင်္ဂါကိုသာ ကျည်ရှပ်မှန် ဒဏ်ရာရသွားပြီး ဆေးရုံပို့လိုက်ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၉ ရက် မနက် ၁၁ နာရီခန့်မှာ ပန်းတောင်းကျေးရွာက အသက် ၆၅ နှစ်ခန့်ရှိ ပျူစောထီးဆိုသူ ဦးရွှေဘို ဟာ ဆိုင်ကယ်နဲ့မြို့ထဲလာချိန် သေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

"မပြောကောင်းတဲ့နေရာ ထိသွားတာ။ အရမ်းစိုးရိမ်ရတဲ့ ဒဏ်ရာရတော့မဟုတ်ဘူး။ ရှပ်မှန်တာလောက်ဘဲ ဒဏ်ရာရသွားတယ်။ သူကံကောင်းသွားတယ်ပြောရမှာပေါ့"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရပေမယ့် ဦးရွှေဘိုဟာ ယောက်ျားအင်္ဂါကျည်ရှပ်မှန်ပြီး ရွှေဘိုပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့ခံတွေက အပစ်ခံရတဲ့သူကို ပျူစောထီးဆိုတာထက် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တဦးဖြစ်တယ်လို့ အသိများကြပြီး အခုလို ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သားတွေရောက်ရှိစစ်ဆေးကာ သေနတ်သမားတွေကို ရှာဖွေပေမယ့် မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင်လ ၁၃ ရက်မှာ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောင်မြေကျောင်းလမ်းမှာ ကျေးရွာကနေ မြို့ပေါ်ကို လာရှောင်နေတဲ့ တအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လင်း ၅၇ နှစ်ဟာ သေနတ်သမားတွေရဲ့ ပစ်သတ်ခံရတယ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရွှေဘို #ပျူစောထီး #စစ်ကောင်စီ #ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10