ရွှေဘိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၁ ဦးသေ

ရွှေဘိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၁ ဦးသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းက ပြောပါတယ်။

ရွှေဘိုမြို့ အမှတ် (၁၀) ရက်ကွက်ရှိ ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံထဲမှာ စစ်ကောင်စီတပ်တွေက အင်အားဆယ်ဂဏန်းလောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး စက်ရုံရှေ့မှာ ကင်းဂိတ်ချထားတဲ့စစ်သားတွေကို မီတာ ၂၀၀ အကွာကနေ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဂိတ်မှာထိုင်နေတာက ၂ ကောင်။ အဲ့ဒါကို လက်နက်ငယ်နဲ့တရစပ် ပစ်ခတ်လိုက်တာ။ ၁ ကောင်က လဲကျသေသွားတယ်။ နောက်တကောင်က စက်ရုံထဲဝင်ပြေးသွားတယ်"လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ် ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စက်ရုံထဲမှာရှိတဲ့ နောက်ထပ်စစ်ကောင်စီတပ်သားတွေက ဂိတ်ရှေ့ကိုထွက်လာပြီး သေနေတဲ့ အလောင်းကိုကောက်ကာ လက််နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ(၁)၊ Naungyoe Army၊ ရွှေဘိုကျားကြီးအဖွဲ့၊ Revolution Soliders၊ ရှိန်းမကားတိုက်နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ဖြစ်ပြီး တိုက်ခိုက်ချိန် ၃ မိနစ်ခန့်သာ ကြာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ ရက်မှာလည်း ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ အထက ၂ ကျောင်းဝန်ထဲမှာ တပ်စွဲနေတဲ့ ရဲတပ်သား ၁ ဦးကို ကားလမ်းမပေါ်မှာ ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း ရဲဘော်တွေက  ပစ်ခတ်ရှင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #တပ်စွဲ #တိုက်ခိုက် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10