ရွှေဘိုမြို့မှာ ခရီးသည်တင်ယာဥ် မိုင်းထိလို့ အမျိုးသမီး ၂ ဦးသေ၊ အမျိုးသား ၁ ဦးဒဏ်ရာရ

ရွှေဘိုမြို့မှာ ခရီးသည်တင်ယာဥ် မိုင်းထိလို့ အမျိုးသမီး ၂ ဦးသေ၊ အမျိုးသား ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ ရွှေဘို-ကျောက်မြောင်းကားလမ်းပေါ်မှာ ခရီးသည်တင်ယာဥ် မိုင်းထိလို့ အမျိုးသမီး ၂ ဦးသေပြီး အမျိုးသား ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၇ ရက် ၈ နာရီခန့်မှာ မြစ်ကြီးနားဘက်ကနေ ရွှေဘိုဘက်ကို မောင်းလာတဲ့ ကချင်မင်းသားခရီးသည်တင်ယာဥ်ဟာ ‘တအုံကျေးရွာမှ ကြိုဆိုပါ၏’ ဆိုင်းဘုတ်နားအရောက်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ခရီးသည်တင်ကားက ထောင်ထားတဲ့မိုင်းကို နင်းမိတာလား။ မိုင်းဆွဲခံရတာလားဆိုတာတော့ မသိရဘူး။ သူတို့ကားလည်းအရောက် မိုင်းလည်းကွဲတာဆိုတော့။ ကားယာဥ်မောင်းတော့ ထိခိုက်တာမရှိဘူး။" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ ခရီးသည်တင်ယာဥ်ပေါ်ပါ မြစ်ကြီးနားဒေသခံ မသဲမာကျော် ၃၉ နှစ်နဲ့ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး အသက် ၄၀ အရွယ်အမျိုးသား ၁ ဦး ဒဏ်ရာပြင်းထန်ရသွားပါတယ်။

သေဆုံးဒဏ်ရာရသူတွေကို ဒေသခံတွေက ရွှေဘိုဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး အဲဒီထဲကမှ ဒဏ်ရာပြင်းထန် အမျိုးသားမှာ စိုးရိမ်ရလို့ မန္တလေးဆေးရုံကို လွှဲပြောင်းထားရတယ်လို့ သိရပါတယ်။

ခရီးသည်တင်ကားမိုင်းထိပြီး ခရီးသည်တွေကိုသေဆုံးစေခဲ့တဲ့ မိုင်းကိုတော့ ဘယ်အဖွဲ့တွေက ထောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ ဩဂုတ် ၁၆ ရက်တုန်းကလည်း ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာသွား ကားလမ်းမှာပေါ် ဆိုင်ကယ်နဲ့လာတဲ့ အရပ်သားလင်မယား ၂ ဦးမိုင်းထိလို့ ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #တအုံကျေးရွာ #ကျောက်မြောင်း #ခရီးသည်တင်ယာဥ် #မိုင်းထိ #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10