ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကားမိုင်းဆွဲခံရလို့ ၁ ဦးသေ၊ ဒဏ်ရာရသူများဟုဆို

ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကားမိုင်းဆွဲခံရလို့ ၁ ဦးသေ၊ ဒဏ်ရာရသူများဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ သက်ကယ်တန်းချောင်းအနောက်ဘက် မြို့ရှောင်လမ်းနားမှာ စစ်ကောင်စီရဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခန့်မှာ ရွှေဘိုမြို့အနီးရှိ လေ့ကျင့်ရေး ၈ စစ်ကောင်စီတပ်ကနေ အင်အား ၄၀ ကျော်ပါတဲ့ သံပြားကာ စစ်ကား ၂ စီးကို မိုင်း ၉ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စကစက သူတို့ ဖမ်းထားတဲ့ ပြည်သူတဦးထွက်ပြေးတာကို လိုက်ဖမ်းတယ်။ ပြည်သူကို လိုက်ဖမ်းတဲ့ကားကို ကျနော်တို့ဘက်က မိုင်းဆွဲတာ" လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲခံပြီးနောက် စစ်ကောင်စီဘက်က မြို့ရှောင်လမ်းပေါ်မှာ ကင်းပုန်းဝပ်တာတွေရှိနေပြီး စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းထိရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ညောင်ရင်းကုန်းကျေးရွာနဲ့ သစ်ချိုပင်ကျေးရွာကြားမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းအလုံး ၂၀ ကျော်နဲ့ဆွဲခံရလို့ ၁ ဦးသေ ၆ ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #ရွှေဘို #စစ်ကောင်စီ #စစ်ကား #မိုင်းဆွဲ #သေဆုံး #နယ်စည်းမခြားရွှေဘိုသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10