ရွှေဘိုမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

ရွှေဘိုမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးရုံးအနီးမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်တဲ့အတွက် အမျိုးသား ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၄ ရက်နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးဟာ ကလစ်အဖြူရောင်ဆိုင်ကယ်ကို စီးလာချိန် သစ်ထုတ်လုပ်ရေးရုံးအရှေ့အရောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"သိရသလောက်က ဆိုင်ကယ်အတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပုံပါ။ လမ်းကလည်း ကွန်ကရစ်လမ်း။ လမ်းဘေးမှာလည်း ပေါက်ကွဲမှုဖြစ်ထားတဲ့ လက္ခဏာ မရှိနေဘူး။ ဆိုင်ကယ်တူးဘောက်နဲ့ ကာဗာတွေက တစစီ ပြုတ်ထွက်နေတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားမှာ ညာခြေထောက်ပြတ်၊ ဘယ်ခြေထောက်အတွင်းပိုင်းနဲ့ ပေါင်တွေမှာ ဒဏ်ရာတွေရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသွားတဲ့ အမျိုးသားကိုတော့ ဒေသခံတွေက ရွှေဘိုဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့ အမျိုးသားကို စစ်ဆေးမှုတွေလုပ်နေကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်ကလည်း ရွှေဘိုမြို့ရှိ ရွှေဘိုမြို့မစျေးအတွင်း အိမ်သာအနီး ငါးတန်းနေရာနားမှာ မိုင်း ၂ လုံးပေါက် လို့ ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ဆိုင်ကယ် #ပေါက်ကွဲမှု #ဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10