ရွှေဘိုမှာ ခရီးသွားတဦး ပစ်ခတ်ခံရပြီး သေဆုံး

ရွှေဘိုမှာ ခရီးသွားတဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ တောင်ဘက်အထွက် မုခ်ဦးအနီးမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၅ ရက် ဒီမနက် ၁၀ နာရီခန့်မှာ ရွှေဘိုတောင်ဘက်အထွက် မုခ်ဦးအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိ တပ်သားတွေက အမျိုးသား ၂ ဦးစီးလာတဲ့ဆိုင်ကယ်ကို ရပ်ပေးဖို့ ပစ်ခတ်တားဆီးမှာ စစ်ဆေးဖို့ရပ်ထားတဲ့ မန္တလေး - ကောလင်းသွား အောင်ရတနာ အန်စာတုံးယာဥ် ခေါင်းခန်းမှာထိုင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ 

"ရွှေဘိုမှာက အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတာ။ ခုက စကစဘက်က အမျိုးသား ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုတားတာ မရပ်ပေးလို့ လိုက်ပစ်တာ။ သူတို့ကိုမထိဘဲ ကားပေါ်မှာ ထိုင်နေတဲ့ ခရီးသွားကိုထိတာ။ ကားက မန္တလေးကနေ ကောလင်းကို သွားမှာ"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ ကျည်ထိလို့ ခရီးသွားအမျိုးသားမှာ ဦးခေါင်းပွင့်ထွက်ပြီး ကားပေါ်မှာပဲ သေဆုံးခဲ့ကာ အဖော်မပါဘဲ တဦးတည်းလာတာကြောင့် သေဆုံးသူနဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

ရွှေဘိုမြို့အနီးမှာ စစ်ကောင်စီအဖွဲ့တွေ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် လွန်ခဲ့တဲ့ ဇူလိုင်လကစပြီး အဆိုပါ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ဒေသခံ #ပစ်ခတ် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10