ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ

ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ၊ ရွှေဘို-ဆိပ်ခွန်သွားကားလမ်း ချီပါတံတားကြီးအနီးမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ ပြည်သူ ၇ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

မတ်လ ၁၁ရက် ဒီကနေ့မနက် ၁၁နာရီဝန်းကျင်က ရွှေဘိုအခြေစိုက်၊အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ ၈)ဘက်ကနေ ချီပါတံတားကြီးဘက်ကို ဒရုန်းဗုံး ၃ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒရုန်းဗုံးကျလို့ လူတွေထိထားတယ်ဆိုလို့သွားကြည့်တာ။ ကျနော်မြင်တဲ့အချိန် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ယောက်ကို ကားပေါ်တင်နေကြတာတွေ့တယ်။ ဘေးနားကသူတွေ ပြောတာကြားရတာကတော့ ကားတစီးလည်းထိထားပြီး စုစုပေါင်း ၇ ဦးထိတာလို့ သိရတယ်" လို့ ချီပါဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကတော့ မတ်လ ၉ ရက် မနေ့ညနေပိုင်းက ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရွှေဓားဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေရေချိုးဆင်းချိန် မိုင်းနဲ့တိုက်ခိုက်ခံထားရတာကို မကျေနပ်လို့ အခုလိုဒရုန်းဗုံးနဲ့တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"အဲတံတားမှာ PDF တွေရှိနေတယ်ဆိုပြီး သတင်းရလို့ ဒရုန်းဗုံးလာချတာနေမယ်။ ထိသွားတာက လမ်းသွားလမ်းလာဒေသခံတွေထိသွားတာ"လို့ ၄င်းက ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးချလို့ ချီပါမြောက်ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မဲတောကျေးရွာက အမျိုးသမီး ၃ ဦး၊ ထိုးကြီးကျေးရွာက အမျိုးသား ၁ ဦးနဲ့ ဆိပ်ခွန်ရွာက အမျိုးသား ၁ ဦးတို့  ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေအနက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးက စိုးရိမ်ဒဏ်ရာရလို့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေကို ပို့ထားရပြီး ဒရုန်းဗုံးထိလို့ ဆိုင်ကယ်တစီးမီးလောင်ပျက်စီးသလို ကားတစီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီတပ် #ဒရုန်းဗုံးကျဲ #ထိခိုက်ဒဏ်ရာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10