ရွှေဘိုမှာ စစ်ဆေးရေးလုပ်နေတဲ့စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးဒဏ်ရာရ

ရွှေဘိုမှာ စစ်ဆေးရေးလုပ်နေတဲ့စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်း ကော့ကျေးရွာ ကြက်မွေးမြူရေးဇုံအနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးချခံရပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြားရွှေဘိုသား Local PDF ဆီက သိရပါတယ်။

မတ် ၁၂ ရက်မနက် ၁၁ နာရီကျော်မှာ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အင်အား ၁၀၀ ခန့်နဲ့ စစ်ဆေးမှုလုပ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို Fixed Wings Drone နည်းပညာသုံးပြီး ဗုံးသီး ၂ လုံးပစ်ချခဲ့ တယ်လို့ ဆိုပါတယ်။

"လမ်းပေါ်တက်စစ်နေတဲ့သူတွေက အင်အား ၃၀ ကျော်လောက်နဲ့ ကျန်တဲ့သူတွေက အနီးဝန်းကျင်မှာ အဖွဲ့တွေခွဲပြီးကင်းပုန်းဝပ်နေကြတာ။ ကျနော်တို့က စစ်ဆေးတဲ့အဖွဲ့ကိုတော့ မလုပ်ခဲ့ဘူး။ ပြည်သူတွေထိမှာစိုးလို့။ ကင်းပုန်းဝပ်နေတဲ့ အဖွဲ့တွေကိုပဲ ဗုံးချတိုက်ခိုက်ခဲ့တာ"လို့ နယ်စည်းမခြားရွှေဘိုသား Local PDF တာဝန်ခံကပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်ရာမှာ စစ်ကောင်စီအဖွဲ့တွေ ကင်းပုန်းဝပ်နေတဲ့နေရာအနီးကို ကျရောက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ခန္ဓာကိုယ်နဲ့လက်တွေမှာ အစမှန် ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ကျန်စစ်ကောင်စီအဖွဲ့တွေက သူတို့မှာပါလာတဲ့ ကားတွေနဲ့ လေ့ကျင့်ရေး ၈ ဘက်ကို ပြန်သယ်သွားခဲ့ပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား Local PDF နဲ့ရွှေဘိုသခင်ကြီးအဖွဲ့မှ ညီနောင်များ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မတ် ၉ ရက်ညနေပိုင်းကလည်း ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရွှေဓားဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ ရေချိုးဆင်းချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရေကြောင်းကနေ ပဒေသာမိုင်းနဲ့တိုက်ခိုက်ရာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ဒရုန်းဗုံးကြဲ #စစ်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10