ရွှေဘိုမှာ စစ်အုပ်စုက ဒေသခံပစ္စည်းတွေကို ယူပြီး ရွာ ၂ ရွာကိုပါ လက်နက်ကြီးနဲ့ပစ်

ရွှေဘိုမှာ စစ်အုပ်စုက ဒေသခံပစ္စည်းတွေကို ယူပြီး ရွာ ၂ ရွာကိုပါ လက်နက်ကြီးနဲ့ပစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သြဂုတ်လ ၁ ရက် ဒီမနက် ၁၀ နာရီလောက်မှာ ဒေသခံတွေရဲ့ပစ္စည်းတွေကို သယ်ယူပြီး အနီးကျေးရွာ ၂ ရွာကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဆိပ်ခွန်ရွာ ရပ်ကွက် ၁၇ အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အဲ့ဒီရပ်ကွက်ရှိ ဒေသခံအိမ်တွေကနေ စားနပ်ရိက္ခာနဲ့ အခြားပစ္စည်းတွေကို အကြောင်းမဲ့ယူဆောင်တာတွေလုပ်ပြီး ရွာနီးချင်းဖြစ်တဲ့ ပုဏ္ဏားကုန်းရွာနဲ့ ထန်းဇင်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့တပ်စွဲထားတဲ့နေရာနဲ့ ရပ်ကွက် ၁၇ နဲ့က စာသင်ကျောင်းခြားထားတယ်။ အဲ့ဒီစာသင်ကျောင်းဘေးကနေ ရပ်ကွက်ထဲနေအိမ်တွေက ပစ္စည်းတွေကို တပ်စွဲထားတဲ့နေရာဆီ နှစ်ယောက်တတွဲ သယ်ထုတ်နေကြတယ် "လို့ ရွှေဘိုမြို့နယ် တပ်ရင်း၄ ရွှေဘိုကျားကြီးအဖွဲ့မှ ရွှေဘိုကျားကြီးက ပြောပါတယ်။

ခုလိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ ပုဏ္ဏားကုန်းရွာက လူဦးရေ ၂၅၀ ဝန်းကျင်နဲ့ ထန်းဇင်ကျေးရွာက လူဦး ၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု ရှိ၊မရှိကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။  

အဲ့ဒီစစ်ကောင်စီတပ်တွေက ရပ်ကွက် ၂၀ ကျော်နဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက တပ်စွဲနေကာ ကျေးရွာအတွင်းရှိနေအိမ်အချို့နဲ့ ယက်ကန်းစင်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အခုနှစ် မတ်လအတွင်းမှာလည်း  ဆိပ်ခွန်ရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်တဲ့ အတွက် ဒေသခံ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #ဆိပ်ခွန် #စစ်ကောင်စီ #လက်နက်ကြီးပစ် #ပစ္စည်းယူ #ဒေသခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10