ရွှေဘိုမှာ ပျူစောထီးယာဥ်တန်း မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

ရွှေဘိုမှာ ပျူစောထီးယာဥ်တန်း မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက ထွက်လာတဲ့ ပျူစောထီးယာဥ်တန်း ဧပြီလ ၈ ရက်မနေ့ကမနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ပျူစောထီးအင်အား ၃၀ ဝန်းကျင်လိုက်ပါလာတဲ့ သုံးဘီဆိုင်ကယ် ၈ စီးပါ ယာဥ်တန်းကို မနေ့ကမနက် ၁၀ နာရီလောက်က မြို့လှရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ ၁ စီးကိုသာ မိုင်းထိမှန်ခဲ့တာကြောင့် အဲ့ဒီသုံးဘီးပေါ်မှာ လိုက်ပါလာတဲ့ ပျူစောထီး ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF) တာဝန်ခံရဲဘော်ဗလကြီးက ပြောပါတယ်။
 
“မိုင်းခွဲလိုက်တာ နေရာမှာတင် ၃ ကောင်ပွဲခြင်းပြီးသေတယ်၊ သေသွားတဲ့အလောင်း ၃ လောင်းကို သုံးဘီးပေါ်တင်ပြီးမောင်းပြေးတာမှာ အလောင်း ၁ လောင်းနဲ့ သေနတ်တွေ ကျနေခဲ့တယ်” လို့ ပြောပါတယ်။
 
ကျကျန်ခဲ့တဲ့ ပျူစောထီးအလောင်းနဲ့ လက်နက်ကိုကောက်ယူဖို့ ကာကွယ်ရေးရဲဘော်တွေဘက်က ကြိုးစားပေမယ့် တိုက်ခိုက်တဲ့နေရာနဲ့ ၁ မိုင်သာသာဝေးတဲ့ ဇီးဖြူကုန်းရွာနဲ့ တလုံးရွာဘက်ကနေ စစ်သားတွေ ထွက်လာတယ်လို့ သတင်းရတာကြောင့် အလောင်းကိုမကောက်ပဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ရဲဘော်ဗလကြီးကဆက်ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ၊ မင်းဂေါင် - SHWEBO (LDF)အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး (TT.T) - SHWEBO (LPDF)အဖွဲ့၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော် - ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE ၊ မတစ်ထောင်( တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်ကလည်း မိုင်းရှင်းဖို့ထွက်လာတဲ့ တည်တီးတောရွာ နဲ့ ဇီးဖြူကုန်းရွာက ပျူစောထီးတွေကို ဗိုလ်ကျားရိုင်း - ရွှေဘို(LPDF) အဖွဲ့က ဂျိုးမြေဇင်း လမ်းပိုင်းတ‌နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေဆုံးခဲ့ပါ သေးတယ်။
 
ပုံစာ - သုံးဘီးပေါ်မှ ကျကျန်ခဲ့သည့် ပျူစောထီးအလောင်း။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10