ရွှေဘိုမှာ PDFနဲ့ နီးစပ်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

ရွှေဘိုမှာ PDFနဲ့ နီးစပ်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မူးပေါင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ PDF နဲ့ နီးစပ်တဲ့ လူငယ် ၂ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ အောင်ချမ်းသာကျေးရွာနေ မင်းဝေဦး(ခ)လပြည့်ဦး ၂၁ နှစ်နဲ့ ဝိုင်းချစ် ၁၆ နှစ်တို့ဟာ ဆိုင်ကယ်နဲ့ ရွှေဘိုမြို့ကိုသွားချိန် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

"ဖမ်းခံရတဲ့ လူငယ်တွေက PDF တွေတော့ မဟုတ်ဘူး။ PDF တချို့နဲ့ သူငယ်ချင်းဖြစ်တာ၊ အသိမိတ်ဆွေ ဖြစ်တာတော့ရှိတယ်။ ဖမ်းခံထားရတဲ့အထဲက မင်းဝေဦးကို ကျနော်တို့အဖွဲ့ကလို့ စွပ်စွဲထားတာက မဟုတ်ပါဘူး။" လို့ Buffalo Soldiers Freedom Forceအဖွဲ့တာဝန်ခံ ဗိုလ်ကျွဲကြီးက ပြောပါတယ်။

အဆိုပါ လူငယ် ၂ ဦးဟာ PDF အဖွဲ့ဝင်တချို့နဲ့ နီးစပ်တာရှိပေမယ့် စခန်းတွေကို မရောက်ဖူးတာကြောင့် လုံခြုံရေး အထူးစိုးရိမ်စရာတော့ မရှိဘူးလို့ ဆိုပါတယ်။

လူငယ် ၂ ဦးကိုတော့ စစ်ကောင်စီက ရွှေဘိုက စစ်တပ်စစ်ကြောရေးကို ပို့ထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အဆိုပါ လူငယ် ၂ ဦးအနက် မင်းဝေဦး(ခ)လပြည့်ဦးဟာ  Buffalo Soldiers Freedom Force အဖွဲ့မှ PDF ဖြစ်ပြီး ဝိုင်းချစ်ဟာ အောင်ချမ်းသာကျေးရွာ PDF အဖွဲ့ဝင် ၁ ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘိုမြို့ #မူးပေါင်တံတား #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #လူငယ် #ဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10