ရွှေဘိုမှာ  PDF ၁ဦးအပါအဝင် အမျိုးသား၂ဦး သတ်ခံရ

ရွှေဘိုမှာ  PDF ၁ဦးအပါအဝင် အမျိုးသား၂ဦး သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇူလိုင် ၁ ရက် ညနေ ၄ နာရီဝန်းကျင်က PDF ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး အသတ်ခံခဲ့ရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အသတ်ခံရသူ ၂ ဦးဟာ Myanmar Defense Force-Shwebo က အသက် ၁၉ နှစ်အရွယ် ရဲဘော် ဟိန်းဝေအောင်(ခ) စပိ(Speed) နဲ့ အသက် ၂၀ အရွယ် အမည်မသိအမျိုးသားတဦးတို့ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ ကော့ကျေးရွာအနီးမှာ အလောင်းတွေကို စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။

" ရဲဘော်အသတ်ခံရတာကို မနေ့ကမှသိရတာ။ ဘယ်မှာအသတ်ခံရတာလဲတော့မသိဘူး။  အလောင်းတွေ့တဲ့နေရာမှာ အရပ်သားအလောင်း တခုကိုပါတွေ့ရတာ။ ဘယ်သူ၊ဘယ်ဝါဆိုတာမသိရဘူး"လို့ Myanmar Defense Force-Shwebo ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီရဲဘော်နဲ့ အရပ်သားအလောင်းတို့ကို စစ်ကောင်စီတပ်စွဲထားတဲ့ ကော့ကျေးရွာအနီးကနေ နယ်မြေခံ ပကဖတွေရဲ့အကူအညီနဲ့ သွားယူပြီးနောက် မနေ့ ညနေ ၅နာရီကျော်မှာဘဲ သင်္ဂြိုလ်ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

MDF မှ ရဲဘော် ဟိန်းဝေအောင်ဟာ ဇွန် ၂၄ ရက် နေ့လည် ၁ နာရီကျော်အချိန်က ရွှေဘိုမြို့ပေါ်ကို တော်လှန်ရေးနဲ့ ဆိုင်တဲ့ပစ္စည်းတွေကိုယူဖို့သွားချိန် လမ်းခုလတ်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တွေ့ကာ ဖမ်းခံလိုက်ရပြီးနောက် အခုလိုသေဆုံးလျက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့  သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #PDF #အရပ်သား #စစ်ကောင်စီတပ် #သတ်ဖြတ်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10