သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းရဲ့အနောက်ဘက်က လယ်ကွင်းထဲ သေနတ်ကျည်ဆံထိမှန်ထားလို့ သေဆုံးနေတဲ့ လူငယ်ရုပ်အလောင်း ၃ လောင်းကို မတ်လ ၁၃ ရက် ဒီကနေ့မနက် ၇ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်ဝန်းကျင်အရွယ် ၂ ယောက်နဲ့ အသက် ၂၀ ကျော်တဦးအပါ အမျိုးသား ၃ ဦးဖြစ်ပြီးသေနတ်မှန်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
"မနေ့ကမုံရွာ-ရွှေဘိုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်ကြတယ်။ လူတွေလည်းဖမ်းတယ်။ ညကျတော့ သေနတ်သံတွေကြားတယ်။ ပစ်သတ်ပြီးမှပဲ လာပစ်သလား အဲနေရာရောက်မှ ပစ်သတ်သလားတော့ မသိဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ကြဘူး။ အလောင်းတွေ့တဲ့နေရာနဲ့ ရဲစခန်းကနီးနီးလေးရယ် သေတဲ့သူတွေက ဆိတ်ခွန်ရွာကတော့ မဟုတ်ဘူး အသက် ၁၇ နှစ် ၁၈ နှစ်အရွယ်က နှစ်ယောက် တယောက်က ၂၀ ကျော်လောက်အရွယ်တွေပါ" လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးသလို၊ အလောင်းတွေကို လာသယ်မယ့်သူမရှိသေးတာကြောင့် အခုအချိန်အထိ အဲဒီနေရာမှာပဲ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မြေလတ်အသံ
Share Share Share