ရွှေဘို လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံရ

ရွှေဘို လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အဝင်မုခ်ဦးနားမှာ ရွှေဘိုလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဖမ်းဆီးခံရတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ရွှေဘိုလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးနေမျိုးထွန်း ၅၀ နှစ်ခန့်ဟာ သူပိုင်ကားနဲ့ထွက်သွားချိန်မှာ လက်နက်ကိုင်လူတစုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"သူကို တောင်ဘက်မုခ်အဝင်နားလောက်ကနေ ဖမ်းသွားတာလို့ သိရတယ်။ သူက အရင်က ဆေးတပ်ကထွက်ထားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းခံရတယ် ဘယ်သူဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး"လို့ ရွှေဘိုလူမှုကယ်ဆယ်ရေးအသင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဦးနေမျိုးထွန်းဟာ ပရဟိလည်းလုပ်သလို မြို့တွင်းမြို့ပြင်အပါအဝင် ကျေးရွာတွေဘက်ကိုပါ ဆေးလိုက်ကုတဲ့အလုပ်ကိုလည်း လုပ်တယ်လို့ဆိုပါတယ်။

"သူက စကစ အဖွဲ့တွေကိုလည်း ဆေးကုပေးတာရှိတယ်။ လတ်တလောသိရသလောက်က သူကိုအဖွဲ့တခုက ဖမ်းပြီး စစ်ဆေးနေတယ်လို့တော့ သိရတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွှေဘိုမြို့ပေါ်မှာ အခုလိုမျိုး လူမှုကယ်ဆယ်ရေးဥက္ကဌ တဦးကို ဖမ်းဆီးတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လူမှုကယ်ဆယ်ရေးအသင်း #စစ်ကိုင်းတိုင်း #ရွှေဘို #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10