ရွှေမုတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးဟုဆို

ရွှေမုတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ ရွှေမုတောဘုန်းကြီး‌ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ အဖွဲ့က ပြောပါတယ်။

စစ်သားနဲ့ ရဲအင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ရွှေမုတောဘုန်းကြီးကျောင်းကို မနေ့က ည ၉ နာရီဝန်းကျင်မှာ ဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ ၆ နေရာထဲက အဓိကမိန်းနေရာဖြစ်တဲ့ ရွှေမုတောဘုန်းကြီးကျောင်းထဲကို ဝင်တိုက်တာ၊ မုံရွာ နမခက စစ်သားတွေလို့ သိရတယ်၊ အဲ့ဒီတပ်စွဲထားတဲ့ ရွှေမုတောဘုန်းကြီးကျောင်းကို သိမ်းနိုင်ဖို့အထိကြိုးစားခဲ့တယ်။ စစ်ကောင်စီဘက်က စစ်ကူလာတာတွေရှိတာကြောင့် စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး။ ပြန်နောက်ဆုတ်ခဲ့ရတယ်" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိသူတွေရှိပြီး ရုတ်တရက်အလစ်ဝင်တိုက်ခိုက်ခဲ့လို့ ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ သမန်းကျားတပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ သမန်းကျားတပ်ခွဲ ၃ အဖွဲ့ထံကို ဆားလင်းကြီး ဝမ်ပေါင်ဂိတ်စောင့် ရဲ ၁ ဦး လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာ ၁ ရက်နေ့ တိုက်ပွဲမဖြစ်ပွားမီ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #ယင်းမာပင်ခရိုင် #တပ်ရင်း၁၆ #သမန်းကျားတပ်ခွဲ၃ #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10