ရွှေရင်ပူလို့ မောရတယ် (ရုပ်သံဆောင်းပါး)

(မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)

အချိန်က ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၀ နာရီကျော်ကျော်။ အလင်းရောင်မရှိတော့ပေမယ့် ရွာမြောက်ဘက် လယ်ကန်သင်းရိုးပေါ်မှာတော့ ဆိုင်ကယ်တစီးဟာ ညအမှောင်ထဲ မီးမဖွင့်ဘဲ မောင်းနှင်နေပါတယ်။ 

ဆိုင်ကယ်ရှေ့ ခွကြားထဲမှာလည်း အဝတ်အစားနဲ့ အိုးခွက်ပန်းကန်တွေ ထည့်ထားတဲ့ အထုပ်တထုပ်ရှိပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးက မောင်းသူနေရာမှာထိုင်ကာ နောက်ထိုင်ခုံမှာတော့ စောင်ထုပ်ကို ပိုက်ထားတဲ့ အသက် ၃၆ နှစ်အရွယ် မွေးခါနီး ကိုယ်ဝန်သည်အမျိုးသမီးတဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေး တဦးတို့ ရှိပါတယ်။

သူတို့ကတော့ ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတယ်ကြားလို့ ဘေးလွတ်ရာပြေးဖို့ ကြိုးစားနေကြတဲ့ မိသားစု တခုပါ။ 

ဘေးလွတ်ရာအရပ်ကို သွားနေရင်း ရွာနဲ့ ၂ ဖာလုံလောက်ဝေးတဲ့ နေရာအရောက်မှာတော့ “ဟေ့ ရပ် ရပ်” ဆိုတဲ့ အသံကြားလိုက်ရပါတယ်။ ယောကျ်ားဖြစ်သူက “မင်းတို့က ဘယ်သူမို့လို့ ရပ်ရမှာလဲ” ပြန်မေးချိန် “သိချင်ရင် လှမ်းကြည့်လိုက်၊ ငါတို့ ဘယ်သူလဲ ကြည့်စမ်း” ဆိုတဲ့ အသံတွေနဲ့အတူ စစ်ကောင်စီတပ်သား ၁၅ ယောက်ခန့် သူတို့ရှေ့ရောက်လာကာ ယောကျ်ားဖြစ်သူကို ဝိုင်းရိုက်ခဲ့ကြတယ်လို့ မချို (အမည်လွှဲ)က သူတို့မိသားစု စစ်သားတွေနဲ့ စတွေ့ခဲ့ပုံကို ပြောပြပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #စစ်တပ် #တန့်ဆည် #ဘီလူးစစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10