ရွှေဝါရောင်အရေးအခင်းကို မမေ့ဖို့ ဝက်လက်ပြည်သူတွေ ဆန္ဒထုတ်ဖော် (Photo News)

ရွှေဝါရောင်အရေးအခင်းကို မမေ့ဖို့ ဝက်လက်ပြည်သူတွေ ဆန္ဒထုတ်ဖော် (Photo News)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတရွာမှာ ရွှေဝါရောင်အရေးအခင်းကို မမေ့ကြဖို့ ယနေ့ စက်တင်ဘာ ၂၃ ရက် မနက်မှာ ဆန္ဒပြလှုပ်ရှားခဲ့ကြတယ်လို့ Wetlet Township Student's Union-ABFSU ထံက သိရပါတယ်။

ဆန္ဒပြလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်တဲ့ ၀က်လက်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ပြည်သူလူထု ၁၀၀ ကျော်ခန့်က ရွှေဝါရောင်အရေးတော်ပုံကို ဂုဏ်ပြုချီတက်ခဲ့ကြတာလို့ ဆိုပါတယ်။

"ရွှေဝါရောင် တော်လှန်ရေးကို သတိရစေဖို့လုပ်တာပါ။ လူထုအင်အားကတော့ ရွာတရွာနဲ့ ဗကသ အဖွဲ့ဝင်တွေပါ" လို့  Wetlet Township Stud ent's Union-ABFSU မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆန္ဒပြချိန် ပြည်သူလူထုနဲ့ ကျောင်းသားထုတို့က "ညီညွတ်ရေးတပ်ပေါင်းစုနဲ့ ဘုံရန်သူကိုချေမှုန်းကြ"စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

လောင်စာဆီဈေးကြီးမြင့်မှုနဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှု စတင်ခဲ့တာကတော့ ပခုက္ကူမြို့က သံဃာတော်တွေဖြစ်ပြီး ဈေးနှုန်းလျော့ချဖို့ မေတ္တာပို့လမ်းလျှောက်ရာမှာ စစ်တပ်နဲ့ရဲတွေ ရိုက်နှက်ရာက စတင်ခဲ့ပါတယ်။ 

စက်တင်ဘာ ၁၈ ရက်မှာ စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကို သံဃာတော်တွေက ဦးဆောင်ပြီး အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ ပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှာ စစ်တပ်ရဲ့ ထပ်မံဖြိုခွင်းတာကို ခံရတာကြောင့် သံဃာတော် အပါး ၄၀ ခန့်နဲ့ အရပ်သားပြည်သူ ၇၀ ခန့် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ရွှေဝါရောင်အရေးအခင်း #စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဗကသ #လူထုလှုပ်ရှားမှာ #ဆန္ဒထုတ်ဖော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10