ရှင်လောင်းလှည့်တဲ့ဆင် နင်းလို့ မြတ်ရိတ်နေသူ အမျိုးသား ၁ ဦးသေဆုံး

ရှင်လောင်းလှည့်တဲ့ဆင် နင်းလို့ မြတ်ရိတ်နေသူ အမျိုးသား ၁ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ သံတံတားအနီး ကိုင်းကွက်ထဲမှာ မြက်ရိတ်နေတဲ့ အမျိုးသား ၁ ဦး ခေါင်းဆင်နင်းခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အုန်းပင်ကျေးရွာနေ ဦးစိန်ဝင်း အသက် ၆၀ နှစ်ခန့်ဟာ သူပိုင်တဲ့ လယ်ကွက်အနီးက ကိုင်းတောထဲမှာ မြက်ရိတ်နေစဥ် ရှင်လောင်းလှည့်ရာကနေ မုန်ယိုပြီး ထွက်ပြေးလာတဲ့ ဆင်က တက်နင်းသွားတာလို့ ဆိုပါတယ်။

"သူက ကိုင်းတောထဲထိုင်ပြီး မြက်ရိတ်နေတာ။ ဆင်ကပြေးလာတာကို သတိမထားမိလိုက်ဘူးနေမယ်။ သူ့ကိုတက်နင်းသွားတာ။ ဆင်ကိုတော့ ပြန်ဖမ်းမိပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဆင်နင်းခံရလို့ ဦးစိန်ဝင်းမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပြားသွားပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေကကောက်ယူပြီး အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကို့ ပို့ပေးထားရတယ်လို့ သိရပါတယ်။

ဦးစိန်ဝင်းကို တက်နင်းသွားတဲ့ ဆင်ဟာ မအူပင်ကျေးရွာမှာ ပြုလုပ်တဲ့ ရဟန်းခံရှင်ပြုအလှူက ဆင်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆင်နဲ့ ရဟန်းလောင်း၊ မောင်ရင်လောင်းတချို့ကို တင်ကာ မအူပင်ကျေးရွာကနေ ဒိုးပင်သောင်၊ သံတိုင်ခင် ကျေးရွာရှိ အမျိုးတွေကို လှည့်ပတ်ကန်တော့နေစဥ် သံတိုင်ခင်ကျေးရွာအရောက် ရဟန်းလောင်းနဲ့ ရှင်လောင်းတွေချပြီး နားနေစဥ် ဆင်ကမုန်ယိုပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်းမြို့နယ် #အုန်းပင်ကျေးရွာ #ဆင်နင်း #ရှင်လောင်းလှည့် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10