ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြခဲ့တဲ့ မုံရွာလူငယ်သပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး ၃ ဦးဖမ်းဆီးခံရ

ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြခဲ့တဲ့ မုံရွာလူငယ်သပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး ၃ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာအနီး ပြည်ထောင်စုလမ်းပေါ်မှာ ၈၈၈၈ အထိမ်းအမှတ်အဖြစ် ဆန္ဒပြနေတဲ့လူငယ်သပိတ်ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ၈ ရက်ညနေခင်းအချိန်မှာ ၃၅ နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံနေ့အဖြစ် ကန်သာယာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် လူငယ်သပိတ်အဖွဲ့မှ ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်က ရောက်ရှိလာပြီး ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ် ၁ ဦး ကျည်ထိမှန်ပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ မုံရွာသပိတ်အင်အားစုက ပြောပါတယ်။

"အညာပစ်တိုင်းထောင်လေးများအဖွဲ့က သပိတ်လုပ်ပြီး ပြန်သွားကြချိန် စစ်ကောင်စီက သတင်းအရ ဖမ်းဖို့လာနေချိန်မှာ ‌ခုအပစ်ခံရတဲ့ လူငယ်သပိတ်အဖွဲ့က ဘန်နာချိတ်ပြီး နေရာရွှေ့မယ့်အချိန်မှာပဲ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာပါ။ အိမ်စီးကားနဲ့ရောက်လာပြီး လူငယ်လေးတွေကိုပစ်တာ ကားတောင်မရပ်ရသေးဘူးပစ်ဖမ်းတာ"လို့ မုံရွာသပိတ်အင်အားစုအဖွဲ့၀င်တဦး က မြေလတ်အသံကို ပြောပါ တယ်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူငယ် ၃ ဦး ဖမ်းဆီးခံရပြီး ဖမ်းမိသွားတဲ့အထဲတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တဦးမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့‌၀င်တွေက ဖမ်းဆီးထားတဲ့လူငယ်တွေရဲ့ ဖုန်းနဲ့ အဖွဲ့၀င်တွေဆီ ဆက်သွယ်နေပြီး လွတ်လာပြီဖြစ်တယ်လို့ ဆက်သွယ်ပြောဆိုကာ လာရောက်တွေ့ ဆုံရန် လိမ်လည်ခေါ်ဆိုမှုတွေရှိပြီး ဖမ်းဆီးရမိတဲ့ လူငယ်တွေကို ရိုက်နှက်နှိပ်စက်နေ‌တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီထံက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #မုံရွာ #ရှစ်လေးလုံး #လူထုလှုပ်ရှားမှု #စစ်ကောင်စီ #ပစ်ခတ်ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10