ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားသော ရဲဘော်ကို ဈာပနအခမ်းအနားလုပ် (Photo News)

ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားသော ရဲဘော်ကို ဈာပနအခမ်းအနားလုပ် (Photo News)

ရှမ်း - မန်းစစ်ဆင်ရေးတွင် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းကလည်း ပါဝင်တိုက်ခိုက်နေတာပါ။ 

ပူးပေါင်းတိုက်ခိုက်ရင်း သြဂုတ် ၁၆ ရက် သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာအနီး မန်းစိန်ဆိုဒ် ကို ထိုးစစ်ဆင်ရာမှာ လေယာဉ်ဗုံးထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် သုတ (ခ) ဟိန်းထက်ကိုရဲ့ ဈာပနအခမ်းအနားကို အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်း တနေရာမှာ သြဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ရှမ်း - မန်း စစ်ဆင်ရေး ဒုတိယအကြိမ်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ရင်း အမှတ် ၁ စစ် ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၆ က တပ်ဖွဲ့ဝင် စုစုပေါင်း ရဲဘော် သုတ (ခ) ဟိန်းထက်ကို အပါအဝင် ၈ ဦး အထိ ကျဆုံးခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော် သုတ(ခ) ဟိန်းထက်ကို ဈာပနာ။

#မြေလတ်အသံ

#ရှမ်းမန်းစစ်ဆင်ရေး #ရွှေဘိုခရိုင် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #ဈာပန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10