ရှမ်းမြောက်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲ့ဇနီးကို တပ်ရင်းက မီးဖွားစရိတ်ထောက်ပံ့

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲ့ဇနီးကို တပ်ရင်းက မီးဖွားစရိတ်ထောက်ပံ့

ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ သွားရောက်တိုက်ခိုက်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က တပ်ဖွဲ့ဝင်ရဲဘော်ရဲ့ဇနီးကို မီးဖွားစရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းထံက သိရပါတယ်။

ဘုတလင်မြို့နယ်အတွင်းနေထိုင်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ တပ်ဖွဲ့ဝင် ရဲဘော် ဟန်ထူးဇော်ရဲ့ ဇနီးဖြစ်သူကိုယ်ဝန်သည်ကို တပ်ရင်းက မီးဖွားစရိတ် ကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“ ရဲဘော်ရဲ့အမျိုးသမီးက ယောက်ျားလေးမွေးတာပါ။သူရဲ့အမျိုးသားက ရှမ်းမြောက်ဘက်မှာတာဝန်ထမ်းဆောင်ဖို့သွားနေတဲ့အချိန်မှာ အခုလိုမျိုးအဆင်ပြေချောချောမွေ့မွေ့‌နဲ့ မွေးဖွားပေးနိုင်တဲ့အတွက် ဝမ်းသာတာပေါ့” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army တပ်ရေးဗိုလ်ကြီး ကိုသူရ(ခ) ကိုစံရှည်က ပြောပါတယ်။ 

ရဲဘော် ဟန်ထူးဇော် ဟာ ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ သွားရောက်တိုက်ပွဲဝင်နေတာ ၆ လခန့်ရှိပြီဖြစ်ပြီး လက်ရှိအထိ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ကလည်း မပြည့်စုံပေမဲ့လည်း  အဆင်ပြေသလောက်ထောက်ပံ့ပေးနိုင်တဲ့အတွက် ကျနော်တို့ဝမ်းသာမိတယ်” လို့ သူကဆက်ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဘုတလင် #ရဲဘော် #ဇနီး #မီးဖွားစရိတ် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10