ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အညာဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘာပြောသလဲ (ရုပ်/သံ)

ကိုးကန့် MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်း TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လို့ နေပါတယ်။ 

ဒီစစ်ဆင်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး) တို့လည်း ပူးပေါင်းအားဖြည့်ဆင်နွှဲနေပါတယ်။ 

တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းတွေမှာလည်း မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်းမပြုဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကြေညာထားပါတယ်။ 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာလည်း KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ စရဖရုံးနဲ့ SB ရုံးတွေကို စီးနင်းဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နိုင်ခဲ့ပါတယ်။ 

အထက်ပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အညာဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို မြေလတ်အသံသတင်းဌာနက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရှမ်းမြောက်ပိုင်းတိုက်ပွဲ #အညာဒေသလက်နက်ကိုင် #တော်လှန်ရေး #ပြောစကား #ဗိုလ်သက်ကြီး #ဗိုလ်ကျားကြီး #ဗိုလ်တိုက်ဂါး #ရုပ်သံအင်တာဗျူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10