ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော် ၄၁ ဦးရဲ့ မိသားစုတွေကို ငွေထောက်ပံ့

ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော် ၄၁ ဦးရဲ့ မိသားစုတွေကို ငွေထောက်ပံ့

ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ သွားရောက်တိုက်ခိုက်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ YOMA Fighter PDF - Yinmabin က တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ မိသားစု‌တွေကို စားဝတ်နေရေးအတွက် ငွေထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တပ်ဖွဲ့ဝင် ရဲဘော် ၄၁ ဦးရဲ့ မိသားစု ၁ စုကို ငွေကျပ် ၁ သိန်းနှုန်းနဲ့ တပ်ရင်းကထောက်ပံ့ပေးခဲ့ပြီး ခုလိုထောက်ပံ့တာ ၂ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။ 

“MOD က ကျနော်တို့အတွက် ရိက္ခာအတွက် ထောက်ပံ့ပေးတဲ့အထဲကနေ ရှမ်းမြောက်ကိုသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ၁ သိန်းစီပေးတာ ၂ ကြိမ်ရှိပါပြီ။" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ YOMA Fighter PDF Yinmabin ဘဏ္ဍာရေးမှူးက ပြောပါတယ်။ 

တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကိုလည်း တတ်နိုင်သလောက်ထောက်ပံ့မှုပေးသွားမှာဖြစ်ပြီး အရေးကိစ္စကြုံလာရင်လည်း တပ်ရင်းကိုအကြောင်းကြားဖို့ ပြောဆိုထားတယ်လို့ အထက်ပါ ဘဏ္ဍာရေးမှူးက ဆက်ပြောပါတယ်။

အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ဧပြီလကတည်းက ရှမ်းမြောက်ဒေသကို ရှေ့တန်းထွက်နေကြရတာဖြစ်ပြီး လာရှိုးမြို့သိမ်းတိုက်ပွဲမှာတော့ ၁ ဦးကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ရှမ်းမြောက် #ရဲဘော် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10