ရှိန်းမကားရွာက စစ်ရှောင်တွေကို ရိက္ခာနဲ့ဆေးဝါးထောက်ပံ့

ရှိန်းမကားရွာက စစ်ရှောင်တွေကို ရိက္ခာနဲ့ဆေးဝါးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာကနေ တိမ်းရှောင်နေရတဲ့စစ်ရှောင်တွေကို မေလ ၂၈ ရက် ဒီမနက်ပိုင်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ပေးခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။ 

ရွှေဘိုမြို့နယ်ထောက်ပို့ရေးအဖွဲ့နဲ့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့တို့ပူးပေါင်းကာ စစ်ရှောင် အိမ်ထောင်စု ၄၂ စုအတွက် ဆန်၊ ဆီ၊ မိုးကာ၊ ဆေးဝါးအချို့နဲ့ စားသောက်ကုန်ပစ္စည်းတွေ ထောက်ပံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ အဆိုပါစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ စားသောက်ကုန်ပစ္စည်းတွေ လိုအပ်လျှက်ရှိနေသေးတဲ့အပြင် မိုးတွင်းကာလရောက်လာတဲ့အတွက် နေထိုင်ရာ အဆောက်အဦတွေလည်း လိုအပ်နေတယ်လို့ Bo Tiger - ဗိုလ်ကျားကြီးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။ 

ရှိန်းမကားကျေးရွာကို စစ်ကောင်စီတပ်သားတွေက အခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၅၀၀ လောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရှိန်းမကား #ရိက္ခာထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10