ရှေ့တန်းတနေရာမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ (ရုပ်/သံ)

ဒီနေ့ကျရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၉ နှစ်မြောက်မွေးနေ့အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ရဲ့ရှေ့တန်းတနေရာမှာ ကျင်းပခဲ့တယ်လို့ အခမ်းအနားပြုလုပ်ရာမှာ ပါဝင်တဲ့ရဲဘော်တဦးဆီက သိရပါတယ်။

အခမ်းအနားမှာ "ခွန်းအားဖြည့်မိငယ်"သီချင်းကိုသီဆိုတာ၊ ကဗျာရွတ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖမ်းဆီးခံ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းခဲ့ကြတာအပြင် မြန်မာပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရမယ်လို့လည်း ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခမ်းအနားကို တော်ဝင်ဒေါင်းစစ်ကြောင်း၊ နွေဦးစစ်သည်တော်များစစ်ကြောင်း၊ ဧရာဝတီအမှတ် ၃ တပ်ရင်း၊ ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းများမှ ရဲဘော်/ရဲမေတွေ စုပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံမြို့နယ်အချို့နဲ့ တော်လှန်ရေးအင်အားစုတွေ နေထိုင်ရာနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် အထိမ်းအမှတ်တွေပြုလုပ်တာ၊ ပန်းသပိတ်တွေ ပြုလုပ်တာနဲ့ အလှူဒါနပြုကြတာတွေကိုလည်း တပြိုင်တည်း ကျင်းပနေကြပါတယ်။

#မြေလတ်အသံ

#တောင်ပိုင်းတိုင်းစစ်ဒေသ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #အခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10