ရှေ့တန်းတနေရာမှာ ကျင်းပတဲ့ တမူး တပ်ရင်း ၄ အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တပ်ရင်း ၁ ခုဖြစ်တဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-‌၄ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သင်တန်းဟာ တပ်ရင်းရဲ့ အပတ်စဉ် ၁၅ ခုမြောက်ဖြစ်ပြီး သင်တန်းကာလ ၂ လကြာမြင့်ကာ၊ အမျိုးသမီးရဲဘော် ၅ ဦးလည်း သင်တန်းပြီးဆုံးတဲ့ထိ အောင်မြင်စွာ တက်နိုင်ခဲ့တယ်လို့ People's Defense Force-Tamu တပ်ရင်း ၄ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တပ်ရင်းအနေနဲ့ လတ်တလောမှာတော့ အခြေခံစစ်သင်တန်းတွေကိုသာ ပေးနေပြီး အပတ်စဉ် ၁၆ မစတင်မီ ကြားကာလတွေမှာတော့ မွန်းမံ‌သင်တန်းတွေ ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။


တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10