ရှေ့တန်းပြန် PDF တွေကို ဒေသခံတွေက သပြေပန်းတွေနဲ့ ကြိုဆို (ရုပ်/သံ)

ရှေ့တန်းက ပြန်လာတဲ့ ကျောက်လုံးကြီး KLG တပ်မဟာက PDF ရဲဘော် ၃၀ ကျော်ကို ဒေသခံတွေက သပြေပန်းတွေ အချိုရည်တွေအပြင် ပိုက်ဆံအချို့ပါ ပေးပြီး ကြိုဆိုခဲ့ကြပါတယ်။

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကုန်းရွာကို မီးရှို့တဲ့ စစ်ကြောင်းနဲ့ တပတ်ကြာ တိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲက ပြန်လာခဲ့ကြတဲ့ ရဲဘော်တွေဖြစ်ပါတယ်။

အခုလို ရှေ့တန်းပြန်လာမှာကို ဒေသခံတွေက ကြိုသိထားတာမျိုးမဟုတ်ဘဲ သူတို့ဖြတ်သွားတဲ့ ရွာတွေကတဆင့် သိရပြီး နောက်ရွာတွေက စောင့်ပြီးကြိုဆိုခဲ့ကြတာ ပြည်သူ ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ PDF ဘက်က အကျအဆုံး မရှိခဲ့ပေမယ့် ဒဏ်ရာရ ရဲဘော်တဦး ရှိခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10