သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်မြေပြင်ရှေ့တန်းမှာရောက်နေတဲ့ ကာကွယ်ရေးရဲဘော်တွေ စိတ်ဖြောင့်ဖြောင့်နဲ့ တိုက်ပွဲဝင်နိုင်ဖို့ နောက်တန်းမှာကျန်နေခဲ့တဲ့ မိသားစုဝင်တွေကို Yaw Revolution Army(YRA) ထီးလင်းတပ်ဖွဲ့က ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်းရောက်ရဲဘော်တွေထဲက မိသားစု ၆ စုဟာ စားဝတ်နေရေးခက်ခဲနေကြတဲ့အတွက် YRA က အိမ်ထောင်စု ၆ စုစာ စုစုပေါင်း တန်ဖိုးငွေကျပ် ၆ သိန်းခွဲဝန်းကျင်ရှိတဲ့ ဆန်နဲ့ဆီတွေကို ဇန်နဝါရီ ၁၁ ရက်က ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
"ရဲဘော်အများစုရဲ့မိသားစုဝင်တွေက စစ်ရှောင်တွေ၊ မီးဘေးသင့်တွေဆိုတော့ ရပ်တည်ရတာခက်ခဲကြတယ်။ တောင်သူလုပ်စရာလည်း မရှိတော့ ဆန်စပါးဝယ်စားဖို့မတတ်နိုင်ကြဘူး။"လို့ YRA(ထီးလင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ဆိုပါတယ်။
အခုလိုထောက်ပံ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ အနည်းဆုံး ၂ လ ၁ ကြိမ် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မြို့ပေါ်ကလာတဲ့ရဲဘော်တွေအနေနဲ့ တပ်ဖွဲ့ထဲရောက်ပြီးကတည်းက ခွင့်နဲ့နေရပ်ပြန်နိုင်တာမျိုးမရှိဘဲ တပ်ရင်းမှာပဲ အမြဲနေကြတာဖြစ်ပါတယ်။ မြို့ပေါ်တွေမှာမလုံခြုံလို့ ရှောင်လာကြတဲ့မိသားစုဝင်တွေဟာလည်း ဆွေမျိုးရှိတဲ့ရွာ၊ စစ်ကြောင်းအန္တရာယ်ကင်းတဲ့ရွာတွေမှာ ယာယီတဲဆောက်လုပ်နေထိုင်ကြတယ်လို့ ဆက်လက်ပြောဆိုပါတယ်။
"ရှေ့တန်းရဲဘော်တွေ စိတ်ဖြောင့်ဖြောင့်နဲ့တိုက်နိုင်စေချင်လို့ တပ်ဖွဲ့ကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးခဲ့တာပါ။ နောက်လည်း ဆက်လက်ထောက်ပံ့ပေးကြမယ်လို့ တိုင်ပင်ထားကြပါတယ်။" လို့ ဆိုပါတယ်။
ရှေ့တန်းရဲဘော်တွေရဲ့ မိသားစုဝင်အချို့ဟာ တောင်သူအငှားလိုက်တာ၊ အဝတ်လျှော်လိုက်တာ စသဖြင့် ဝင်ငွေရှာကြပြီး ရွာနီးချုပ်စပ်တွေမှာ ယာယီတဲဆောက်နေထိုင်ကြတာ ၂ နှစ်ကျော်လာသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိနေတာဖြစ်ပြီး ကာလရှည်နေရပ်စွန့်ခွာစစ်ရှောင်နေရတဲ့ပြည်သူပေါင်း ၇,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
သတင်း - Razor၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ထီးလင်း #ရဲဘော် #မိသားစု #ထောက်ပံ့
Share Share Share