ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်

ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ရှေ့တန်းတနေရာမှာ ဇွန်လ ၁၉ ရက် ဒီနေ့မနက်ပိုင်းက ရှေ့တန်းရောက် PDF တွေ ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ ပုလဲဂျိုကာ PDF အဖွဲ့ထံက သိရပါတယ်။

ယနေ့မှာကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အချုပ်အနှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့ PDF တွေက ပြင်ပကနေကြိုးစားတိုက်ပွဲဝင်နေတယ်ဆိုတာကို အများပြည်သူနဲ့ ဒေါ် အောင်ဆန်းစုကြည် သိနိုင်စေရန် ရည်ရွယ်ပြုလုပ်ရတာလို့ ဆိုပါတယ်။

"ကျနော်တို့က ရှေ့တန်းရောက်နေတာဆိုတော့ အထွေအထူးတွေတော့ အခမ်းအနားနဲ့မလုပ်နိုင်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကိုလည်းတိုက်ရင်း ပန်းသပိတ်ကို အကျဥ်းချုံးလုပ်ခဲ့ကြတယ်"လို့ ဗိုလ်ပုလဲ က မြေလတ်အသံကို ပြောပါတယ်။

ပန်းသပိတ်မှာ ရဲဘော်တွေကပန်းပန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေးခဲ့ကြကာ စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းဖို့ ကြွေးကြော်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယနေ့ပြုလုပ်တဲ့ ပန်းသပိတ်ကိုတော့ ယင်းမာပင်ခရိုင်တပ်ရင်း ၉နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉တို့ ပူးပေါင်းကာ “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ခေါင်းစဥ်နဲ့ ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ပန်းသပိတ် #ပုလဲဂျိုကာ #PDF #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10