လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက် အသတ်ခံရမှု (အင်တာဗျူး)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှာ မတ်လ ၁၁ ရက်မနက်ပိုင်းက ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာထဲကို ရုတ်တရက်ပစ်ခတ် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ ပုန်းရှောင်နေသူတွေကိုဖမ်းဆီးကာ အဲ့ဒီထဲက အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာပါ။ အသတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူ အမျိုးသား ၃ ဦးလည်း ပါဝင်ပါတယ်။ 

လက်ထုတ္တောရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ။ စစ်ကောင်စီတပ်သားတွေကရော ဘယ်လိုသတ်ဖြတ်ခဲ့ကြတာလဲ။  

ဒီအခြေအနေတွေကိုသိရှိထားသူ Myinmu Civil Revolution Force တာဝန်ခံ ကိုလုလင် ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #လထုတ္တောကျေးရွာ #အစုလိုက်အပြုံလိုက် #လူသတ်မှု #စစ်ကောင်စီ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10