လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ပညာတတ်နည်းပါးတာကြောင့်လို့ စစ်ခေါင်းဆောင်ပြော

လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ပညာတတ်နည်းပါးတာကြောင့်လို့ စစ်ခေါင်းဆောင်ပြော

လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ပညာတတ်နည်းပါးတာကြောင့်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဩဂုတ်လ ၂၆ ရက် မနေ့က စစ်ကောင်စီလက်အောက် မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြနဲ့ သင်တန်းသား ကျောင်းဆရာ၊ဆရာမတွေကို တွေ့ဆုံပြောကြားရာမှာ အခုလိုပြောဆိုခဲ့တာပါ။

“မဲမသမာမှုကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းနဲ့ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံမှာ ပညာတတ်များနည်းပါးခြင်းကြောင့်ဖြစ်တာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်ရဲ့အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အဲ့ဒီလို ပညာတတ်တွေနည်းပါးနေလို့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေပြီး ပညာတတ်လူသားအရင်းအမြစ်တွေနဲ့ တိုင်းပြည်အနာဂတ်ကိုတည်ဆောက်နိုင်ရေး ပုံဖော်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ မန္တလေးမြို့ကို ဩဂုတ် ၂၅ ရက်က စတင်ရောက်ရှိနေတာဖြစ်ကာ ၎င်းရောက်ရှိနေချိန်မှာပဲ မန္တလေးမြို့နဲ့အနီးတဝိုက်တိုက်ပွဲတွေပြင်းထန်နေပြီး သပိတ်ကျင်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10