လက်နက်ကိုင် ပျူစောထီးအဖွဲ့ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

လက်နက်ကိုင် ပျူစောထီးအဖွဲ့ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာနဲ့ တူရွင်းဘို့ကျေးရွာအကြားမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးသွားတယ်လို့ မြင်းခြံမြို့နယ် ပကဖ ဆီက သိရပါတယ်။

အောက်တိုဘာလ ၃ ရက် မနက် ၁၀ နာရီလောက်မှာ မြင်းခြံမြို့ကနေ ကျောက်ကန်ကျေးရွာဘက်ကို ကားနဲ့ပြန်လာတဲ့ ကျောက်ကန်ကျေးရွာ ပျူစောထီးခေါင်းဆောင် လှမိုး အပါအဝင် ၈ ဦး လိုက်ပါလာတဲ့ကားကို နဘဲဂွလမ်းခွဲနေရာအရောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့မနက်အစောကြီး မြင်းခြံသွားတာသိရတယ်။ ပြန်လာတာလည်း သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်တာ။ ရဲဘော်တယောက်ကို ကျည်အတောင့် ၃၀ စီလောက်ကုန်အောင် ပစ်ခတ်ခဲ့ရတယ်"လို့ မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

ပျူစောထီးကားကို ပစ်ခတ်ချိန်ကားက ထိုးရပ်သွားပြီး ကားကို အပိုင်စီးနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အချိန်မရတာကြောင့် လက်နက်တွေမယူနိုင်ခဲ့သလို ကျန်သူတွေကိုလည်း အပြီးတိုင် မရှင်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ ပျူစောထီး ၁ ဦး နေရာတင်သေဆုံးသွားပြီး ဒဏ်ရာရသူအချို့လည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၅ မိနစ်ခန့်အကြာမှာ စစ်ကောင်စီတပ်ဘက်က ကား ၁၀ စီးခန့်နဲ့ မြင်းခြံဘက်က ထွက်လာတာကြောင့် အချိန်မီပြန်ဆုတ်လာခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းကလည်း မြင်းခြံမြို့နယ်၊ ပျိုးကန်ရွာက စစ်ကောင်စီကို သတင်းပေးနေသူ ၄ ဦးနေအိမ်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

 #မြေလတ်အသံ

#သတင်း #ပျူစောထီး #ပစ်ခတ်မှုဖြစ်ပွား #ပကဖ #စစ်ကောင်စီ #မန္တလေး #မြင်းခြံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10