လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ PDF အပါ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်

လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ PDF အပါ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်

စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက်ို ဖိတ်ခေါ်ကြောင်း စက်တင်ဘာ ၂၆ ရက် ဒီကနေ့ ညပိုင်း စစ်ကောင်စီလက်အောက်ခံ မြဝတီသတင်းမှာ ဖော်ပြသွားပါတယ်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတော်အတွင်း အခြေခံအဆောက်အဦတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေတယ်လို့ စွပ်စွဲပြောဆိုချက်တွေလည်း ပါရှိပါတယ်။

နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးနစ်နာမှုတွေက်ို ထောက်ရှုပြီးတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းတာနဲ့ သန်းခေါင် စာရင်းကောက်ယူဖို့ ပြင်ဆင်နေပြီး စက်တင်ဘာလဆန်းပိုင်းကစကာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို စာရင်းစစ်၊ စာရင်းကောက် သင်တန်းတွေ ပေးနေတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #လက်နက်ကိုင် #နိုင်ငံရေး #ရွေးကောက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10