လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက် မနေ့ကမနက် ၆ နာရီကျော်မှာ စစ်ကြောင်းထိုးပြီး တပ်စွဲထားတာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ယင်းမာယင်မြို့၊ အင်ကြင်းတောင်ကျေးရွာထဲ တပ်စွဲထားရာကနေ ထွက်လာပြီး စစ်ကြောင်းထိုးရာ လက်ရှိမှာ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာရှိတဲ့ ဖိုးတောင်နဲ့ မတောင့်တကျေးရွာအကြားကို ရောက်ရှိကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အခုလိုထွက်ပြေးနေကြရတာဖြစ်တယ်လို့ ယင်းမာပင်မြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုကင်းက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ ယင်းမာပင်မြို့နယ် ဖိုးတောင်၊ မင်းစု၊ အင်ကြင်းတောင်၊ ရင်ဂေါက်၊ နှောရိုးကင်းဆင့်ကျေးရွာ၊ ဆားလင်းကြီးမြို့နယ်က မတောင့်တ၊ ဗိုက်သရက်ကျေးရွာတို့ကဖြစ်ပါတယ်။

လက်ရှိစစ်ကြောင်းဟာ PDFတွေရဲ့ ၃ရက်ကြာတိုက်ခိုက်မှုကိုခံနေရတဲ့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းစခန်းကို သွားရောက်ကာ လူအင်အား၊ လက်နက်အင်အားဖြည့်ဖို့သွားမယ့်အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးအဖွဲ့ တွေက ခန့်မှန်းကြပါတယ်။

 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ယင်းမာပင် #ဒေသခံသောင်းချီထွက်ပြေး #စစ်ကောင်စီ #စစ်ကြောင်းထိုး #လက်နက်ကြီးပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10