လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး

လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရေလယ်ကျွန်းက ရှမ်းမြောင်ရွာအနီး ဩဂုတ်လ ၁၀ ရက်တိုက်ပွဲမှာ ကျောက်လုံးကြီး KLG တပ်မဟာ PDF တပ်ခွဲမှူး ၁ ဦး တိုက်ပွဲကျသေဆုံးသွားတယ်လို့ KLG တပ်မဟာ တာဝန်ခံထံက သိရပါတယ်။

တိုက်ပွဲကျသေဆုံးခဲ့တဲ့ ရဲဘော်ဟာ အသက် ၃၃ နှစ်အရွယ် တပ်ခွဲမှူး နိုင်ဝင်း ဆိုသူဖြစ်ပြီး စစ်ကြောင်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ PDF တွေအကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အခြားရဲဘော်တွေ လွတ်မြောက်ဖို့ နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့တာကြောင့် သေဆုံးခဲ့တာလို့ တာဝန်ခံက ပြောပါတယ်။

"တပ်ခွဲမှူးက လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တာ၊ လက်နက်ကြီးမထိမှန်ခင် စစ်ကြောင်းကထိုးလာတာမှာ ထိပ်တိုက်တိုက်ပွဲဖြစ်လို့ ရဲဘော်တွေကိုနောက်ဆုတ်ခိုင်းပြီး သူတယောက်ထဲ ရဲဘော်တွေကယ်ထုတ်ရင်း ခံပစ်နေတာမှာ သူ့ဘေး ၄၀ မမကျည် ကျပြီး သေဆုံးခဲ့တာ" လို့ သူကဆက်ပြောပါတယ်။

တပ်ခွဲမှူးရဲ့အလောင်းကို မနေ့ကမနက်ခင်းမှာကောက်ပြီး ရဲဘော်တွေနဲ့ပြည်သူ ၂၀၀ ကျော်က သင်္ဂြိုလ်တဲ့အခမ်းအနားကိုပြုလုပ်ကာ အရိုးပြာ‌ကောက်ထားပြီး နောက်ပိုင်းမှာ အုတ်ဂူတည်ကာ အာဇာနည်ကုန်းလုပ်မယ်လို့ သိရပါတယ်။

အဲ့ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ မိုင်း ၆ လုံးမိတဲ့အပြင် ထိတွေ့တိုက်ပွဲဖြစ်တာကြောင့် စစ်သား ၁၀ ဦးအထက် သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိတယ်လို့လည်း KLG တပ်ဖွဲ့ထံက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကနီ #ရေလယ်ကျွန်း #KLG #တပ်ခွဲမှူး #စစ်ကောင်စီ #လက်နက်ကြီးပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10