လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ရေး အညာမှာအသိပညာပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အသိပညာပေးပွဲတွေကို သပိတ်စစ်ကြောင်းတွေက ဦးဆောင်ပြီး ပြုလုပ်ပေးနေတယ်လို့ အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကျေးရွာပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးတဲ့ အလေ့အထတွေက အားနည်းနေသေးတဲ့အပြင် မြေပြင်အခြေအနေအရ အသိပညာပေးမှုတွေ လိုအပ်နေပြီး ထိခိုက်သေဆုံးမှုတွေ လျော့ပါးစေဖို့အတွက် ရည်ရွယ်ပြီး ခုလိုပြုလုပ်ပေးဖြစ်တာလို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးပွဲမှာ ခိုင်ခံ့တဲ့ ဗုံးခိုကျင်းတူးနည်းတွေ၊ လက်နက်ကြီးပစ်ချိန် ပုန်းရှောင်ရမယ့် အနေအထားတွေနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေကို စာတွေ့၊ လက်တွေ့ သင်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအသိပညာပေးပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီနဲ့ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကျေးရွာ ၂ ရွာနဲ့ စစ်ရှောင်စခန်း ၂ ခုမှာ အသိပညာပေးပွဲတွေ ပြုလုပ်ပေးခဲ့ပြီး ကျေးရွာ ၂ ရွာမှာရှိတဲ့ ပြည်သူတွေကတော့ ဗုံးခိုကျင်းတူးတာတွေ စတင်လုပ်ဆောင်နေပြီး စစ်ရှောင်စခန်းက ပြည်သူတွေကတော့ ရွာကိုမပြန်နိုင်သေးတဲ့အတွက် အကောင်ထည်မဖော်နိုင်ကြသေးဘူးလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ရှောင် #လက်နက်ကြီး #လေကြောင်းရန် #ဗုံးခိုကျင်း #အသိပညာပေး #ဟောပြောပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10