သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံကျေးရွာနဲ့ လယ်မကျေးရွာတွေကနေ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင် ၁,၀၀၀ ကျော် အမိုးအကာနဲ့ အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေတယ်လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေးနဲ့ ဒေသခံတွေထံက သိရပါတယ်။
စစ်ရှောင်တွေက တောတောင်ထဲနဲ့သစ်ပင်တွေအောက်၊ ဇရပ်တွေထဲနေရပြီး အရေးပေါ် ထွက်ပြေးလာရတာကြောင့် စားသောက်စရာ၊ အဝတ်အထည်နဲ့ အမိုးအကာတွေ လုံလောက်စွာမပါလာတဲ့အတွက် အခက်ကြုံနေရတာလို့ ဆိုပါတယ်။
"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေး ကိုအညာသားက ပြောပါတယ်။
မယ်ဇလီကျေးရွာရှိ ဆယ်ကုန်းနေရာကိုရောက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေက ကျွဲခြံရွာနဲ့ လယ်မကျေးရွာဘက်ကို နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁၁ ရက် ဒီမနက်ပိုင်းထိ မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာထဲမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
"တခါမှလည်း မကြုံဖူးတော့ ဘာမှကိုမပါဘူး။ အစတုန်းက သူများတွေကဖြစ်လို့ရှိရင် ထုပ်ထားနော် ထုပ်ထားနော်ဆိုတော့ ထုပ်ထားသေးတယ်။ အခုဖြစ်တော့ဘာမှကိုမပါဘဲ လူချည်းပြေးလာရတာ။ စားသောက်က ဒီက(စစ်ရှောင်အချင်းချင်း) ချက်ကျွေးလို့ တော်သေးတယ်။"လို့ ကျွဲခြံရွာခံ အမျိုးသမီးတဦးကပြောပါတယ်။
ယခင်က အခြားမြို့ရွာတွေမှာပစ်ခတ်တဲ့ လက်နက်ကြီးသံတွေကို အဝေးကနေကြားဖူးပေမယ့် ယခု ပထမဆုံးအကြိမ်အနေနဲ့ ကျေးရွာထဲကိုလက်နက်ကြီး ကျရောက်ပေါက်ကွဲသံတွေ ကြားလာရတာကြောင့် စစ်ရှောင်နေရချိန်မှာ စောင်၊ ပုဆိုးတို့ ခေါင်းအုံးတို့ ခါရင်တောင် ကြောက်လန့်တဲ့စိတ်ဖြစ်နေပြီလို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးပစ်ခတ်ချိန် ကျွဲခြံကျေးရွာအပြင်ဘက်လယ်ထဲကို ကျရောက်ပေါက်ကွဲချိန် လယ်ထဲမှာရှိနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပါသေးတယ်။
ဝါစိုက်ပျိုးရေးတပ်ကနေ အင်အား ၇၀ လောက်နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့အထိ မယ်ဇလီကျေးရွာမှာအထိုင်ချပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပွင့်ဖြူ #စစ်ရှောင် #အကူအညီလိုအပ်
Share Share Share