သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေကြိုမြို့၊ ရုံးပေါင်းစုံဝန်းထဲမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းတွေယူပြီး တာဝန်ကျတဲ့နေရာကနေထွက်ပြေးလာပြီးနောက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး တပ်ဖွဲ့ဆီအလင်းဝင်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
ရေစကြိုအခြေစိုက် ခလရ ၂၅၇ မှ အသက် ၂၇ နှစ်အရွယ် တပ်သားကိုဦးနဲ့ ခလရ ၂၅၈ မှ အသက် ၂၅ နှစ်အရွယ် တပ်သားစိုးလင်းအောင်တို့ဟာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီလောက်မှာ သူတို့တာဝန်ကျတဲ့နေရာကနေ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ သတင်းရလို့လိုက်ရှာတယ်။ ကျနော်တို့နဲ့တော့ ချိတ်ဆက်ထားတာမရှိဘူး။ ၁၇ ရက် နေ့လယ် ၂ နာရီလောက်မှာ သူတို့နဲ့တွေ့တယ်။ ကျနော်တို့တွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ သူတို့က ကျနော်တို့ကို ယုံကြည်စိတ်ချပြီး လိုက်လာခဲ့ကြတာ။”လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သား ၂ ဦးဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲရောက်လာ သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူတို့နဲ့အတူ MA 1 ၂ လက်၊ ကျည်ဘောက် ၉ ခု၊ ၅.၅၆ ကျည် ၄၅၀ တောင့်တို့ပါလာတဲ့အတွက် တဦးကို ငွေကျပ် ၁၅ သိန်းဆီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ နိုဝင်ဘာ ၁၈ ရက်အထိ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၀ ဦးအထက်ရှိတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကလည်း ရေစကြိုမြို့၊ ရုံးပေါင်းစုံဝန်းထဲကထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီး ၅၀ ဦးခန့်ကို ရေစကြိုမြို့နယ် အမှတ် ၇ ရပ်ကွက်ထဲမှာ ရေစကြိုပကဖအဖွဲ့ဝင်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြို #အလင်းဝင် #ထွက်ပြေး
Share Share Share