လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ (ရုပ်/သံ)

မန္တလေးကနေ လက်နက်ခဲယမ်းတွေ သယ်လာတဲ့တွဲကားတွေကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမ၊ ခင်မွန်နဲ့ မအူရွာအကြားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ တွဲကားတွေဟာ မန္တလေးဘက်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ရာမှာ ၃ စီးမြောက်ကားကိုထိမှန်ပြီး ရပ်တန့်သွားချိန် နောက်မှကပ်ပါလာတဲ့ ကားက ဝင်တိုက်မှုဖြစ်ပွားခဲ့သလို ကားမှာလိုက်ပါလာတဲ့ လုံခြုံရေးတပ်သားအချင်းချင်း ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။ 

စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ ကင်းပုန်းချထားရာနေရာတွေကို ဒရုန်းနဲ့ရှာဖွေ ဗုံးကြဲတာတွေလည်း ရှိနေပေမယ့် ရဲဘော်တွေ ထိခိုက်မှုတော့မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ Local PDF ၊ နယ်မြေခံတပ်ရင်း တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #လက်နက်ခဲယမ်း #သယ်ဆောင် #တွဲကား #မိုင်းဆွဲခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10