လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့်

လက်နက်နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှ လုပ်သက် တနှစ်ခွဲကျော်ရှိတဲ့ ရဲတပ်သား ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ကတဆင့် သိရပါတယ်။

အထက်အရာရှိတွေရဲ့ ရိုက်နှက်ညှင်းပန်းမှုကို သည်းမခံနိုင်တော့တဲ့အတွက် မေ ၂၆ ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ Salingyi Revolution Eagles အဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်ပြီး တပ်ဖွဲ့ကနေ ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“သူ့မှာက ဖုန်းမရှိတော့ သွားခေါ်ချိန် လမ်းလွဲပြီး ကြိုတဲ့သူနဲ့မတွေ့ဘဲ နောက်မှာကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ကားဆီကို ရောက်သွားတယ်။ အဲမှာ သေနတ်ကြီးကို မြှောက်ပြီး အလင်းဝင်ချင်လို့ပါဗျဆိုပြီး အော်ပြောတာ။” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ရဲ့ ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။

အလင်းဝင် ရဲတပ်သားဟာ ကိုထူးကောင်းဆက် ဖြစ်ပြီး သူနဲ့အတူ G3 တလက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခု ပါလာတယ်လို့ သိရပါတယ်။

အခုအချိန်ထိ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ကို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနတ် ၆ လက် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း  ရဲတပ်သား တဦး လက်နက်နဲ့တကွ အလင်းဝင်‌ရောက်လာ တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #မြို့မရဲစခန်း #ရဲတပ်သား  #လက်နက် #အလင်းဝင် #ယင်းမာပင်ခရိုင်တပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10