လက်နက်နဲ့ CDMဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုငွေ‌ ချီးမြှင့်

လက်နက်နဲ့ CDMဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုငွေ‌ ချီးမြှင့်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက်အဖွဲ့ဖြစ်တဲ့ ကလေးခရိုင် အမှတ် ၁၁ တပ်ရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ရဲတပ်သား ၁ ဦး လက်နက်နဲ့တကွ အလင်းဝင်လာခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆုကြေးငွေ ၃၃ သိန်း ချီးမြှင့်ခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

အဲ့ဒီ ရဲတပ်သားဟာ နေပြည်တော် အမှတ် ၁၇ ရဲတပ်ရင်းကနေ ကျောက်ထုမြို့နယ်ဘက်မှာ လာရောက်တာဝန်ထမ်းဆောင်စဉ် ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ခုမှထုတ်ပြန်တာကတော့ လုံခြုံရေးအနေထားကြောင့်ပါ၊ သူတို့ထွက်မယ်ဆိုကတည်းက ချိတ်ဆက်ပြီး အခက်ခဲကြားက ရအောင်ကို ခေါ်ထုတ်ခဲ့ပါတယ်ဗျ၊ ခေါ်ယူစဉ် အန္တရာယ်တော့ မရှိခဲ့ပေမဲ့ လမ်းခရီးကတော့ အတော်လေးကို ခက်ခက်ခဲခဲနဲ့ ခေါ်ထုတ်ခဲ့ရတယ်၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်၊ တခြားနေရာမှာ တာဝန်ထမ်းဆောင်မယ်လို့လည်း ကျတော်တို့အနေနဲ့ မျှော်လင့်ရပါတယ်၊ လက်ရှိမှာတော့ တာဝန်ပေးထားတာ ဘာမှမရှိသေးဘူး။" လို့ မင်းကင်း တပ်ရင်း ၁၁ တပ်ရေးဗိုလ်ကိုကျား က ပြောပါတယ်။

တပ်ရင်းမှာ အခုလို ရဲတပ်သား အလင်းဝင်လာတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး  M16 A1 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 5.56ကျည် ၃၀ နဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ဘက်ကို ကူးပြောင်းချင်တဲ့ တပ်မတော်သားတွေ အနေနဲ့လည်း နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်လို့ရပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း ကြိုဆိုနေကြောင်း ထုတ်ပြန်ထားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #မင်းကင်း #ကျောက်ထု #CDM #ရဲတပ်ဖွဲ့ #စစ်ကောင်စီ #ကလေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10