လက်နက်မပြည့်စုံပေမယ့် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေတဲ့ CDF-Asho (ရုပ်/သံ)

လက်နက်မပြည့်စုံမှုတွေကြားကနေ စစ်ကောင်စီကို ရရာနည်းလမ်းနဲ့ တော်လှန်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေထဲမှာ အရှိုချင်းတိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ CDF-ASHO လည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။

အခုလက်ရှိ မကွေးတိုင်းအနောက်ခြမ်း ရခိုင်ရိုးမတခွင်မှာရှိတဲ့ ချင်းလူမျိုးတွေနေထိုင်ရာ မြို့နယ်တချို့မှာ တိုက်စစ်တွေဖော်ဆောင်နေပြီး လက်နက်အင်အားမရှိတဲ့အတွက် နယ်မြေကျွမ်းကျင်မှုကိုပဲ အားပြုနေရတာကြောင့် ကိုယ်ဒေသတွေမှာပဲ လတ်တလော တိုက်ပွဲတွေ ပုံဖော်နိုင်သေးတယ်လို့ ဆိုပါတယ်။

CDF - Asho ဟာ တပ်ဖွဲ့စတင်တည်ထောင်တာ မကြာသေးပေမယ့် စခန်းသိမ်းတိုက်ပွဲ ၃ ခု ဆင်နွှဲထားပြီးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ ငဖဲမြို့နယ်ထဲက ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲမှာ အသာစီးရပေမယ့် လက်လုပ်မိုင်း၊ ခါးချိုးသေနတ်တွေနဲ့သာ တိုက်ခိုက်ခဲ့ရပြီး လက်နက်အင်အားမမျှလို့ ရည်မှန်းထားတဲ့ အောင်မြင်မှုတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။

အဖက်ဖက်က အသာစီးရထားတဲ့ စခန်းသိမ်းတိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် လက်နက်မမျှလို့ အောင်မြင်မှုတဝက်သာ ရခဲ့ကြပါတယ်၊။ အဲ့ဒါကြောင့် တပ်ဖွဲ့ရဲ့ တိုက်စစ်ကို ပိုမြှင့်ဖို့အတွက် “အောက်ချင်းတောင်ပံ”ဆိုတဲ့ ကမ်ပိန်းနဲ့ ဒရုန်းတစီး ဝယ်ယူဖို့ကြိုးစားနေတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ကံစမ်းမဲကာလကိုလည်း ဩဂုတ်လ ၂၅ ရက်ကနေ အောက်တိုဘာလထိ ၂ လ သတ်မှတ်ထားပြီး ကံစမ်းမဲတွေကိုလည်း စုမ်းတူ၊ လောက်တူ၊ အရှို၊ မရာ၊ မီဇိုး စတဲ့ ချင်းလူမျိုးစု ၅ခုရဲ့ ဂျက်ခုပ်နဲ့ ယက်လုပ်ထားတဲ့ ချင်းရိုးရာဝတ်စုံစစ်စစ်တွေကို ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

CDF အရှိုချင်းတပ်ဖွဲ့ဟာ အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းဖို့၊ ချင်းလူမျိုးတွေရဲ့ လွတ်လပ်မှု တရားမျှတမှု တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိဖို့၊ လူမျိုးတွင်း စည်းလုံးညီညွတ်မှုရရှိဖို့နဲ့ ပြည်သူတရပ်လုံးကို ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး တိုက်ပွဲဝင်နေကြတာလို့ဆိုပါတယ်။

ဒါ့အပြင် ချင်းလူမျိုးတွေ အများစုရှိတဲ့ စေတုတ္တရာ၊ ငဖဲ၊ မင်းလှ၊ မင်းတုန်းစတဲ့နယ်မြေတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရုပ်သံသတင်း #မကွေးသတင်း #တိုက်ပွဲ #အရှိုချင်း #CDF #ငဖဲ #စေတုတ္တရာ #မင်းတုန်း #သတင်း #အောက်ချင်းတောင်ပံ #ကမ်ပိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10