သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကိုသွားပြီးပစ်ခတ်ခဲ့တာကြောင့် စစ်သာား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်မနက် ၁၀ နာရီကျော်ခန့်မှာ အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကို အနီးကပ်သွားပြီး ဂိတ်အစောင့်စစ်ကောင်စီတပ်သား ၁ ဦးရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ဒီမှာ လက်ပစ်ဗုံးလေးကောက်ရလို့ဆိုပြီး သွားပေးတာ။ အဲ့ဒါကိုချက်ချင်းမယူသေးဘဲ ဘယ်ကလည်း ဘာညာမေးနေရင်းနဲ့ သူတို့အထဲကလူကို လှမ်းခေါ်ဖို့ ဖုန်းဆက်နေချိန်မှာ ပစ်ထားခဲ့တာ။ "လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံကပြောပါတယ်။
ဂိတ်ထဲမှာ အဆိုပါစစ်ကောင်စီတပ်သား ၁ ဦးတည်းရှိနေချိန် ခုလိုပစ်ခတ်ခဲ့တာဖြစ်ပြီး ၎င်းကိုင်ဆောင်ထားတဲ့ MA 3 ၁ လက်ကိုကောက်ယူပြီး ပြန်ထွက်လာခဲ့ကာ လက်ပစ်ဗုံးကတော့ သေဆုံးစစ်သားလက်ထဲမှာ ကျန်ခဲ့ပြီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို 3 star ဒေါင်းလေးခေါင်းဆောင်ကိုယ်တိုင် တကိုယ်တော် အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကတော့ အနီးဝန်းကျင်နေရာတွေနဲ့ ကင်းထောက်လုံခြုံရေး ယူပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကို တကိုယ်တော်အရဲစွန့်လုပ်ကိုင်ခဲ့ရတာက 3 star ဒေါင်းလေးအဖွဲ့မှာ လက်နက်အစစ်လုံလောက်မှုမရှိသလို ဝယ်ယူဖို့လည်းမတတ်နိုင်တာကြောင့် ယခုလိုလုပ်ကိုင်ခဲ့ရတာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်တွေမှာ ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ကြပေမယ့် ကာကွယ်ရေးရဲဘော်တွေဘေးကင်းခဲ့တယ်လို့လည်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့တာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကလည်း မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းမီးပွိုင့်နဲ့ ရန်ကင်းဘုန်းကြီးကျောင်း အတွင်းရှိ စစ်ကောင်စီတပ်စွဲနေရာ ၂ ခု ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မုံရွာ #ပစ်ခတ် #သေဆုံး #လက်နက်ရ
Share Share Share