လက်ပံတန်းဒေသခံပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

လက်ပံတန်းမြို့ဟာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ရဲ့ ရုံးစိုက်မြို့ဖြစ်ပြီး ခရိုင်အတွင်း လူအစည်ကားဆုံးမြို့ဖြစ်ပါတယ်။

ရန်ကုန်နဲ့ ပြည်အကြား အကြီးဆုံး မီးရထားဘူတာရုံမြို့ဖြစ်ပြီးတော့ မီးရထားအလုပ်ရုံလဲရှိကာ ရန်ကုန်၊ ပြည် ခရီးသွားသူတွေရဲ့ တထောက် ရပ်နားရာ မြို့တစ်မြို့လဲဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းအရ မြို့ပေါ် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၉ စုရှိပြီး လူဦးရေ ၁ သိန်း ၈ သောင်းနီးပါးနေထိုင်ကာ မသန်စွမ်းသူဦးရေ ၂ သောင်း ၂ ထောင် ကျော် နေထိုင်ကြပါတယ်။

လက်ပံတန်းမြို့နယ်အတွင်း မဲရုံပေါင်း ၁၇၆ ရုံဖွင့်လှစ် သွားမှာဖြစ်ပြီး မဲပေး ပိုင်ခွင့်ရှိသူ ၁ သိန်း ၃ သောင်း ကျော်လောက်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10