လက်ပံတန်းမြို့နယ်မှာ လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၆၀ ကျော်ပျက်စီး

လက်ပံတန်းမြို့နယ်မှာ လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၆၀ ကျော်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ အလယ်စု၊ နဘေကွင်း၊ ကိုင်းတော၊ ရင်းတိုက်ကွင်း ရွာတွေမှာ လေပြင်းကြောင့် နေအိမ်နဲ့ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦ ၆၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၇ ရက် ည ၁၂ နာရီလောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ခဲ့လို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

"မိုးက ရွာနေရာကနေ အသံတွေကျယ်လာတာ။ ပထမက လေယာဥ်သံထင်နေကြတာ။ ပြီးမှာ လေပြင်းတိုက်တာ သိပ်တောင်မကြာလိုက်ဘူး။ ၅ မိနစ်လောက်ပဲ ကြာမယ်။ တော်တော်ပြင်းတယ်။ မနက်ကျ အိမ်တွေတော်တော်ပျက်စီးသွားကြတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

နဘေကွင်းကျေးရွာက နေအိမ် ၄၅ လုံး၊ ကိုင်းတောရွာက ၉ လုံး၊ အလယ်စုရွာက ၆ လုံး၊ ရင်းတိုက်ကွင်းရွာက ဘုန်းကြီးကျောင်းအဆောက်အဦ ၄ လုံး အမိုးလန် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် မင်းလှ - ရွှေတောင် ဓာတ်အားပေးလိုင်း ၂၃၀ KV ၂ တိုင်၊ မင်းလှ - သုံးဆယ် ၃၃၀ KV ၃ တိုင်လည်း လဲကျပျက်စီးသလို သစ်ပင်တွေ လဲကျတာတွေလည်း ရှိခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

လေပြင်းကြောင့် နေအိမ်တွေပျက်စီးသွားတဲ့ ဒေသခံတွေကတော့ အခြားနေရာကို ရွှေ့ပြောင်းနေထိုင်တာမရှိဘဲ ၎င်းတို့ပိုင် ခြံတွေထဲမှာပဲ အဆင်ပြေသလို နေထိုင်နေကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #လေပြင်းတိုက် #နေအိမ်ပျက်စီး #သတင်း #ရာသီဥတုဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10