လက်ပံတန်းမှာ ရဲစခန်းနဲ့လောင်းကစားဝိုင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးအပါ ၅ ဦးသေ ၄ ဦးဒဏ်ရာရ

လက်ပံတန်းမှာ ရဲစခန်းနဲ့လောင်းကစားဝိုင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးအပါ ၅ ဦးသေ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရှိ ဇီးဖြူကုန်းရဲစခန်းနဲ့လောင်းကစားဝိုင်း တိုက်ခိုက်ခံရပြီး ရဲ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင်လ ၁ ရက် မနေ့ည ၁၀ နာရီ ခွဲခန့်မှာ ပျူနဲ့ရဲတွေ ပူးပေါင်းအင်အား ၃၀ ကျော်ရှိနေတဲ့ ဇီးဖြူကုန်းရဲစခန်းနဲ့ ဇီးဖြူကုန်းဘူတာအနီးရှိ လောင်းကစားဝိုင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ရဲစခန်းက လက်ပံတန်းနဲ့သာရဝေါကို ဆက်သွယ်ထားတဲ့ ရထားလမ်းဘေးမှာရှိတာ။ ကလေးတွေက သတင်းလုံလုံခြုံခြုံနဲ့ လုပ်သွားနိုင်တယ်။ ပြောက်ကျားစနစ်နဲ့ ဝင်ပစ် ပြန်ဆုတ်နိုင်ခဲ့တယ်"လို့ မြေပြင်တိုက်ခိုက်ရေးနဲ့ နီးစပ်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရဲတပ်သား သန်းဇော်ဦး၊ နယ်ထိန်း အောင်ခိုင်နဲ့ ပျူစောထီး ၃ ဦးသေဆုံးပြီး ပျူနဲ့ရဲ ၄ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ရဲနဲ့ပျူ အလောင်းတွေကိုတော့ ဇူလိူင်လ ၂ ရက် ဒီနေ့မနက်မှ လူနာတင်ယာဥ်တွေ လာကောက်သွားပြီး ဇီးဖြူကုန်းတိုက်နယ်ဆေးရုံကို တင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်းမှာပဲ စစ်ကား ၆ စီးနဲ့လာပြီး ဇီးဖြူကုန်းစျေး၊ အောင်မင်္ဂလာလမ်းနဲ့ဆေးရုံလမ်းကိုပိတ်ကာ စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ လက်ပံတန်းမြို့မရဲစခန်းနဲ့ ၃ မိုင်အကွာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်ခိုင် တို့ ၂ ဦးနဲ့ ဒေသခံ ၂ ဦး သေဆုံး ပြီး ဒေသခံ ၂ ဦး လွန်စွာစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #ဇီးဖြူကုန်းရဲစခန်း #PDF #တိုက်ခိုက် #စစ်ကောင်စီ #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10