လက်ပံတန်း EPC က စာရင်းစစ်ကိုရှင်းဖို့ငွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက ကောက်ခံနေ

လက်ပံတန်း EPC က စာရင်းစစ်ကိုရှင်းဖို့ငွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက ကောက်ခံနေ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့က EPC ဝန်းထမ်းတွေဟာ စာရင်းစစ်ကိုရှင်းရဖို့ ကျန်တဲ့ ငွေတွေကို မီတာဆောင်ပြီးသားပြည်သူတွေဆီက မီတာဆောင်ဖို့ ကျန်တယ်ဆိုပြီး အတင်းလိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုဗစ်ကာလ ကတည်းက မဆောင်ဖြစ်တဲ့ မီတာခတွေကို အရစ်ကျနဲ့ ‌ကြေတဲ့ အထိပြည်သူတွေဟာ တဖြည်းဖြည်း ဆောင်လာခဲ့ပြီးသားဖြစ်ပေမယ့် လက်ကျန်ငွေကျန်သေးတယ်ဆိုပြီး ပြည်သူတွေကို စာပို့အကြောင်းကြားတာ‌တွေ ရှိသလို လူကိုယ်တိုင်လာအသိပေးတာတွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

" ကျနော်တို့ သွားသွင်းတဲ့ ဟာတွေက ကျနော်တို့ကိုစာ သူတို့ ချလှန်ဖြတ်ပေးလိုက်တယ်၊ သူတို့လက်ထဲမှာ ငွေလက်ခံမကျန်တဲ့ အနေအထား၊ လက်ခံချန်မထားဘူး၊ ကျနော့်ကိုလည်း ဘောင်ချာ ၃ဆောင် ကျန်တယ် မီးဖြတ်မယ်လို့ ပြောတယ်၊ ကျန်စရာ အကြောင်းမရှိဘူး၊ ကျနော်တို့ အကုန်သွင်းရတာ၊ မသွင်းရင် မီးကြိုးဖြတ်မယ်ဆိုလို့ ကျနော်တို့ အကုန်သွင်းခဲ့ရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီဒေသခံမှာ မီတာ‌ဘေ ဆောင်ခဲ့သမျှစာရွက်စာတမ်း အကုန်ရှိတာကြောင့် ဝန်ထမ်းတွေ ငြင်းမရ ဖြစ်ကာ မီတာဘေ ထပ်မဆောင်လိုက်ရပေမယ့် စာရွက်လက်ကျန်မရှိတော့တဲ့ ပြည်သူ့အချို့ဟာ သက်သေပြစရာ မရှိတာကြောင့် ထပ်ပြီးဆောင်ရသူတွေ ရှိသလို မဆောင်နိုင်လို့ မီးကြိုးဖြတ်ခံလိုက်ရသူတွေလည်း ရှိနေပါတယ်။

" ကျနော်တို့က သွား‌ဆောင်ရင် သူတို့ဆီမှာ လက်ခံကို လုံးဝ ချန်မထားဘူး၊ ဒီငွေတွေကို သူတို့ အလွဲသုံးစား လုပ်ပစ်လိုက်တယ်" လို့ ပြောပါတယ်။

အဲ့ဒီလို မီတာစာရွက်ပျောက်ဆုံးသွားသူတွေ သိမ်းမထားမိသူတွေကို မီတာ‌ငွေ ပြန်ဆောင်ခိုင်းတာ‌တွေ မီးအဖြတ်ခံရတတွေကို ကျေနပ်မှုမရှိတဲ့ ပြည်သူအချို့ဟာ EPC ရုံးရှေ့သွားပြီး မေးမြန်းတာတွေ အငြင်းပွား‌တာတွေနဲ့ ရုန်းရင်ဆန်ခပ်ဖြစ်တဲ့ အခြေအနေတွေပါ ရှိခဲ့တယ်လို့ ပြောပါတယ်။

" မိတ်ဆွေတယောက်ဆို တသိန်းလေးသောင်းကျော်တယ်၊ သူတို့က ကျန်နေတယ်သာ ပြောတယ်၊ ဘယ်လ ဘယ်ရက်အတွက် ကျန်တာဆိုတာမျိုးတွေ သက်သေမပြနိုင်ပဲနဲ့ ကျန်တယ်ပဲ ပြောပြီး အတင်းဆောင်ခိုင်းတယ်၊ ငွေကြေးတွေ အခက်အခဲဖြစ်နေတဲ့ ကြားထဲက၊ မဆောင်မနေရ မဆောင်ရင် မီးကြိုးတွေ ဖြုတ်မယ်၊ တကယ်လည်းဖြုတ်နေတာဆိုတော့ တကယ်သွင်းပြီးသား ပြည်သူတွေက လက်မခံနိုင်တော့ဘူးလေ" လို့ အဲ့ဒီ‌ဒေသခံကပဲ ပြောပါတယ်။

လက်ရှိ လက်ပံတန်းမြို့ပေါ်မှာ မီဆောင်ခ ထပ်မဆောင်လို့ မီးကြိုးဖြုတ်ခံလိုက်ရတဲ့ အိမ်စုစုပေါင်း ၂၀ကျော်ရှိနေပြီး နောက်ထပ်ဖြုတ်ဖို့ အကြောင်းကြားထားတဲ့ အိမ်တွေလည်း အများကြီးရှိနေသေးပါတယ်။ 

" သူတို့ဆီ စာရင်းစစ်ဝင်တော့ ငွေကြေးပမာဏ တွေ တော်တော်ကွာတယ်လို့ ပြောတယ်၊ အဲ့ဒီမှာ လက်ကျန်ငွေတွေ အရမ်း ကွာနေတဲ့ အတွက်ကြောင့် ခုလိုပြန်ပြီးတော့မှာ သူတို့လုပ်နေတာ" လို့ ပြောပါတယ်။

စာရင်းစစ်ဝင်တဲ့အခါ လက်ကျန်ငွေ သိန်းထောင်ချီပြီးကျန်နေတာကြောင့် ဆောင်ပြီးသား ပြည်သူတွေဆီကပဲ ထပ်ပြီးကောက်ခံနေတာကြောင့် လက်ပံတန်းမြို့နယ်က ပြည်သူတွေအနေနဲ့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10