လက်ပံရွာမှာ စစ်ကောင်စီက အင်အားတိုးထားပြီး ဒေသခံတွေကို သွားလာခွင့်ကန့်သတ်

လက်ပံရွာမှာ စစ်ကောင်စီက အင်အားတိုးထားပြီး ဒေသခံတွေကို သွားလာခွင့်ကန့်သတ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ စစ်ကောင်စီဘက်က တပ်သားအင်အားတိုးကာ တပ်ချထားပြီး ဒေသခံတွေကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက်ညနဲ့ ၁၀ ရက်မနက်က လက်ပံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ တပ်သားအင်အားထပ်တိုးချထားပြီး ဒေသခံတွေကို ည ၆ နာရီကနေ နောက်တနေ့မနက် ၆ နာရီအတွင်း သွားလာခွင့်မပြုတော့တာလို့ ဆိုပါတယ်။

"အရင်က အဲ့မှာက ရဲနဲ့တပ်က အင်အား ၁၀ ဦးတောင် မပြည့်ဘူး။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတော့ ၂၀ လောက်ရှိလာတယ်။ ပြီးတော့ ည ၆ နာရီကျော်ရင် အခြားရွာကလူတွေလည်း လက်ပံ(ရွာ)ကို လာလို့မရတော့သလို ရွာထဲကသူတွေလည်း အပြင်ထွက်မရတော့ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သွားလာခွင့်ကန့်သတ်လိုက်လို့ ငါး၊ ဖားရှာသူ၊ တံငါလုပ်သူ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတွေနဲ့ ကျပန်းလုပ်သူဒေသခံတွေအတွက် အခက်ခဲဖြစ်သွားတယ်လို့ သိရပါတယ်။

လက်ပံရွာမှာ စစ်ကောင်စီတပ်က အင်အားတိုးထားသလို မြစ်ကျိုးရဲစခန်းနဲ့ အနီးအနားရွာတွေမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ညတိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေလို့ ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့် နေကြရတယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် မနက်ပိုင်းမှာ လက်ပံရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေ ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #လက်ပံ #စစ်ကောင်စီ #အင်အားတိုး #သွားလာခွင့်ကန့်သတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10