လက်ဖက်ရည်သောက်နေချိန် ပစ်ခတ်ခံရလို့ လေတပ်ဗိုလ်ကြီးနဲ့ ဒုအရာခံဗိုလ်သေဆုံး

လက်ဖက်ရည်သောက်နေချိန် ပစ်ခတ်ခံရလို့ လေတပ်ဗိုလ်ကြီးနဲ့ ဒုအရာခံဗိုလ်သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်တောင်ဘက်၊ ကျေးရွာတခုမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ လေတပ်ဗိုလ်ကြီးနဲ့ ဒုအရာခံဗိုလ်တို့ကိုပစ်ခတ်ရမှာ သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)ကတဆင့် သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့မနက် ၇ နာရိီခွဲခန့်က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း မိတ္ထီလာလေတပ်က ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ ဒုအရာခံဗိုလ်ပြည့်ဖြိုးအောင်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“အရှင်ဖမ်းဖို့ စီစဥ်တယ်၊ ဒါပေမယ့် ကျနော်တို့ဝင်တဲ့အချိန်မှာ သူတို့က ထွက်ပြေးသွားတာပေါ့နော်၊ ထွက်ပြေးတဲ့အတွက် ကျနော်တို့ကပစ်ခတ်ပြီးတော့ ရှင်းလင်းလိုက်ရတာ၊ အဲ့နေရာမှာတင်ပဲ သူတို့ ၂ ယောက်လုံးက ပွဲချင်းပြီးသေသွားတယ်။”လို့ အမှတ် ၈၁၅ တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဝင် ကိုမြင့်နိုင်က ပြောပါတယ်။

ဒါ့အပြင် လေတပ်ဗိုလ်ကြီး ကိုင်ဆောင်တဲ့ MA 5 MK ၁ လက်၊ ကျည် ၂၉ တောင့်၊ ကျည်ဘောက် ၂ ခု၊ ဖုန်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ မိတ္ထီလာလေတပ်က လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

တောင်သာမြို့နယ်ဟာ မိတ္ထီလာလေတပ်နဲ့ မိုင် ၃၀ ကျော်ကွာဝေးပြီး ကြားမှာ မလှိုင်မြို့တမြို့သာ ခြားတာဖြစ်ပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်အစပ်က မြင်သာတောင်ရွာဘက်မှာလည်း အစစ်အဆေး တင်းကျပ်နေတယ်လို့ တပ်ဖွဲ့ဝင် ကိုမြင့်နိုင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကလည်း ပျူစောထီးအားကောင်းတဲ့ တလိုင်းရပ်(ရွာသစ်)ရွာက ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို အမှတ် ၈၁၅ တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးခေါင်းဆောင်အပါအဝင် ၂ ဦးသေဆုံးကာ သေနတ် ၂ လက် ရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #လေတပ်ဗိုလ်ကြီး #ဒုအရာခံဗိုလ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10