လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်စီးလာတဲ့ ကားမိုင်းဆွဲခံရ

လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်စီးလာတဲ့ ကားမိုင်းဆွဲခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့ ယာပြင်စစ်ဆေးရေးဂိတ်က ပြန်လာတဲ့လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲအုပ်စီးလာတဲ့ 3J-2711 ကားကို ဇန်နဝါရီလ ၂၅ ရက်ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
 
ယာပြင်စစ်ဆေးရေးဂိတ်က 3J-2711 ကားနဲ့ပြန်လာတဲ့ ရဲအုပ်နဲ့ရဲတပ်သားတဦးကို ညနေ ၅ နာရီခွဲမှာ တွင်းကုန်းနယ်မြေနဲ့လက်မှတ်ကုန်းနယ်မြေအကြားမှာ မိုင်းဆွဲခဲ့တာလို့ People's Defence Force Yenangyaung (မကွေးခရိုင် အမှတ် ၂ တပ်ရင်း) ဗိုလ်စံသျှားက ပြောပါတယ်။
 
"ယာပြင်စစ်ဆေးရေးဂိတ်ကနေလက်မှတ်ကုန်းနယ်မြေရဲစခန်း 3J-2711 ယာဉ်နဲ့ပြန်လာတဲ့ ရဲအုပ်ကားကို တွင်းကုန်းနယ်မြေနဲ့လက်မှတ်ကုန်းနယ်မြေအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ အချိန်ယူနေတာကြာပါပြီ၊ ဒီကနေ့တော့အလစ်အငိုက် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်၊ ကားက‌တော့ ဘော်ဒီထိမှန်သွားပြီးကားထိုးရပ်သွားတယ်၊ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပါ" လို့ ဆက်ပြောပါတယ်။
 
ငွေညစ်တောင်းတာ၊ လောင်းကစားဝိုင်းတွေလုပ်တာ၊ အဲဒီရဲအုပ်က မကောင်းမှုနဲ့ကျော်စောတယ်လို့ဆိုပါတယ်။
People's Defence Force Yenangyaung(မကွေးခရိုင် အမှတ် ၂ တပ်ရင်း) ၊ Hunter Dragon Group ၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force ညီနောင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၅ ရက်ကလည်း ရေနံချောင်းမြို့ လျှပ်စစ်ရုံးအား People's Defence Force Yenangyaung(မကွေးခရိုင် အမှတ် ၂ တပ်ရင်း) က နောက်ဆုံးအကြိမ်သတိပေး ဗုံးခွဲခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10